"ဆရာမလေးအခုလို ဘုန်းကြီးတို့ရွာမှာ ကျန်းမာ
ရေးအသိပညာပေး ဟောပြောပွဲလာလုပ်တာ
ဘုန်းကြီးကတော့ ကျေးဇူးတင်တယ်..
ဘုန်းကြီးတို့ရွာသားတွေက အသိခေါက်ခက်
အဝင်နက်တဲ့သူကခပ်များများရယ်...ဒီတစ်ခု
ကိုတော့ ကြိုတင်အသိပေးပါရစေ...""တင့်ပါ့ဘုရား..."
"ကဲ...မောင်ဘိတ်...ဆရာမလေးကို နေမမြင့်ခင်
ခေါ်သွားတော့...ပြီးတော့ မောင်ဘသာရဲ့သမီးကို
ထိပ်တုံးလွှတ်လိုက်တော့...မယ်စ ငါ့ကိုလာ
လျှောက်ပြီးပြီ...မင့်သားအမှားလဲပါတာပဲ...
မောင်ဘသာပြန်လာလို့ သူ့သမီးထိပ်တုံးခပ်ခံထား
တာသိရင် ပြဿနာတွေပိုကြီးမယ်...မင်းကလူကြီး
တစ်ယောက်ပီပီ မျှမျှတတဆုံးဖြတ်ရမယ်မဟုတ်
လား..."ဆရာတော်၏အမိန့်ပေးချက်ကြောင့် သူကြီးမျက်
နှာပျက်သွားပေမယ့် လက်အုပ်ချီကာ"တင်ပါ့ဘုရား...တပည့်တော် ဖြုတ်ပေးလိုက်ပါ့
မယ်...".........
"ထိုင်...ဆရာမလေး...ရေနွေးကြမ်းလေး
သောက်ပါဦး...ကျုပ်..ရွာသားတွေကိုစုထားပါ
တယ်...""ဟုတ်ကဲ့..."
စကားဖြူနှင့်သူနာပြုဆရာမလေးတစ်ယောက်
ထနောင်းစုရွာသို့ ဝမ်းရောဂါ ကာကွယ်ရေး
အသိပညာပေးဟောပြောဖို့ ရောက်နေခြင်းဖြစ်သည်။
ဒီမနက်ပဲ ကိုသာအောင်က သူမတို့ကိုလိုက်ပို့
ပေးခြင်းဖြစ်သည်။
ထနောင်းစုရွာသူကြီးက သူမတို့ကို ဧည့်ခံပြီးနောက်
သူ့အိမ်က အလုပ်သမားကို"ဟိုကောင့်ကို ထိပ်တုံးဖြုတ်ပေးပြီး ပြန်ခိုင်းလိုက်
တော့...""ဗျာ...."
သူကြီးကို အလုပ်သမားက နားမလည်ဟန်နှင့်
ပြူးကြည့်နေတာကြောင့် သူကြီးက"မင့်ကိုထိပ်တုံးဖြုတ်ခိုင်းနေတာ...သွား...
လူစကားနားမလည်ဘူးလား..."ထိုအခါမှ ထိုမျက်လုံးပြူးပြူး အရပ်ရှည်ရှည်
ပိန်ပိန်နှင့်လူက အပြေးလေးထွက်သွားတော့သည်။"ဟုတ်..ဟုတ်ကဲ့သူကြီး..."
သူကြီးခြံဝန်းအတွင်း ရွာသားလေးငါးဆယ်ယောက်
လောက်ရောက်နေပြီး တစ်ယောက်တစ်ပေါက်နှင့်
အထွန့်တက်နေကြသည်။
YOU ARE READING
ပုဝါပါးလေး စွန်းမှာဆိုး
Fantasyဤဇာတ်လမ်းတွင် ပါဝင်သည့် နေရာဒေသ များမှာ စာရေးသူ ပုံဖော်ဖန်တီးထားခြင်း သက်သက်သာ ဖြစ်ပါသည်။