"ကျောင်းဆရာအသစ်ရောက်ပြီသူကြီးရေ..."ညောင်ပင်တန်းရွာစာသင်ကျောင်းအတွက်
ကျောင်းဆရာအသစ်ရောက်လာခဲ့ပါတယ်။
ငယ်ထွေးလိုချင်နေတဲ့စေတနာပြည့်ဝတဲ့ဆရာ
တစ်ယောက်ရောက်လာခဲ့တာပါ။
ဆရာဝန်အသစ်နှင့်ကျောင်းဆရာအသစ်ရောက်လာပြီးနောက်ပိုင်း ငယ်ထွေးတို့ရွာလေး ပို၍ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။
အရင်ကမပြီးပြတ်ခဲ့သော နည်းစနစ်မကျခဲ့သော
လမ်းပြင်ဆင်မှုတွေကြောင့် ငွေကုန်ပြီးအရာမထင်ခဲ့
တဲ့ ခရိုင်မြို့သို့သွားသော ကုန်းလမ်းခရီးဟာ
ကျောင်းဆရာလေးနှင့်ဆရာဝန်မလေးရဲ့ဦးဆောင်
ပြီးပြင်ဆင်ခဲ့တဲ့အတွက် အခုဆိုမိုးတွင်းဘက်တောင်မှာတောင်ထော်လာဂျီသွားနိုင်သည့်အနေအထားသို့
ရောက်နေပြီဖြစ်သည်။"အခုမှပဲအဆင်ပြေတော့တယ်ဟေ့....မြို့ကိုသွားချင်
ရင်အချိန်အများကြီးမလင့်တော့ဘူးကွ..."လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာသည်နှင့်အမျှ ကုန်သွယ်ရေးမှာလဲဖွံ့ဖြိုးလာခဲ့ပါတယ်။
ရွာကထွက်သမျှသီးနှံတွေကိုပွဲရုံတိုက်ရိုက်သွင်းနိုင်
လာတယ်။အရင်ကဆို ပွဲစားကတဆင့်သွင်းရတာ
ကြောင့် တောင်သူတွေရသင့်ရထိုက်တဲ့အကျိုးမြတ်
မရခဲ့ပါဘူး။
ငွေကြေးပြေလည်လာသည်နှင့်အမျှ ရွာမှာလဲလူနေမှု
အဆင့်အတန်းကပြောင်းလဲစပြုလာခဲ့ပါပြီ။"ငါ့ထော်လာဂျီကိုရောင်းပြီး စူပါကတ်ဝယ်မလို့ကွ"
ဖိုးထောင်ကလက်ဖက်ရည်ဆိုင်ထိုင်ရင်း အာပေါင်
အာရင်းသန်သန်နှင့်ပြောသည်။
လေသံကိုလိုသည်ထက်ပို၍မြှင့်လိုက်ရခြင်းအကြောင်းက လက်ဖက်ရည်ဆိုင်ထဲ ငယ်ထွေး
ရှိနေသည့်အတွက်ကြောင့်မလို့ပါ။"ကိုပိုင်စေကပြောတယ် သူစူပါကတ်တစ်စီး
ရထားတယ်တဲ့ ငါလိုချင်ရင် စျေးညှိပေးမယ်လို့
ပြောတယ်ကွ""အဲ့လူကယုံရလို့လားကွ...ပွဲစားတော်တော်များများ
က ကလိန်ကကျစ်ပါကွာ""အာ...ငါ့ကိုတော့မလုပ်လောက်ပါဘူးကွာ...
ဒီလောက်ရင်းနှီးတာ..""ဖိုးထောင်...မင်းစူပါကတ်ဝယ်ဖြစ်ရင်..ငါတို့ကိုလဲ
အမောင်းသင်ပေးပါကွာ...နော်..."
YOU ARE READING
ပုဝါပါးလေး စွန်းမှာဆိုး
Fantasyဤဇာတ်လမ်းတွင် ပါဝင်သည့် နေရာဒေသ များမှာ စာရေးသူ ပုံဖော်ဖန်တီးထားခြင်း သက်သက်သာ ဖြစ်ပါသည်။