ပုဝါပါးလေးစွန်းမှာဆိုး(၂၇)

840 108 4
                                    


"အရှေ့ကိုလျှောက်ပါလို့...
အနောက်ကိုတဲ့ မျှော်လိုက်ရင်.. မျှော်လိုက်ရင်...."

ရွာထိပ် ညောင်ပင်ကြီးဆီမှ ထွက်ပေါ်လာသည့်
လော်စပီကာသံက ရွာလမ်းမတစ်လျှောက်
တောင်လေနှင့်အတူ ပျံ့လွင့်လာသည်။
ဆိုင်းဝိုင်းမှ ဗျောသံစည်သံ တသောသောနှင့်
ဆိုင်းဆရာ လက်စွမ်းပြနေချေပြီ။

အလှူမဏ္ဍပ်ထဲ၌ အနယ်နယ်အရပ်ရပ်ကလာသော
ဧည့်သည့်အပေါင်းကို အကျွေးမွေးနှင့် ဧည့်ခံနေ
ပြီဖြစ်သည်။

စားသောက်ပြီးသူတွေက ဆိုင်းနားထောင်ဖို့
ပွဲခင်းထဲသွားကြသည်။

နွေနေပူပူမှာ ဆိုင်းဆရာကတော့ အပူဒဏ်ကို
အံတုရင်း ချွေးတဒီးဒီးကျအောင် တီးခတ်၍
ရွှေပွဲလာ ပရိတ်သတ်ကို အစွမ်းကုန် ဖျော်ဖြေ
နေသည်။
သူ့နောက်မှာတော့ လူရွှင်တော်နှစ်ယောက်က
ယက်တောင်ကိုယ်စီနှင့် ဆိုင်းဆရာကို ယက်ခပ်
ပေးနေကြသည်။

အဆိုကျော် အမျိုးသားမှာလည်း ထိပ်ပြောင်ပြောင်
ကို လက်ကိုင်ပဝါလေးနဲ့ သုတ်လိုက် ၊ သီချင်းဆို
လိုက်နှင့် တစ်ချက်တစ်ချက် ထန်းလက်ယက်
တောင်လေးကို တဖျက်ဖျက် ခပ်ကာ ခပ်ကာနှင့်
အပူဒဏ်ကို သည်းခံနေရရှာသည်။
အပီရှိုးထုတ်ဖို့ ထည့်လာတဲ့ လည်ကတုံးနဲ့ တိုက်ပုံ
ကိုလဲ မဝတ်နိုင်တော့။
စွပ်ကျယ်ချိုင်းပြတ်နှင့် ပုဆိုးကို ရင်ခေါင်းထိ
တက်စည်းတော့ ဗိုက်ပူပူထက် ပုဆိုးခါးပုံစလေးက
ငေါလို့။
တကယ်ကို ပကာသန ကင်းလှပါပေရဲ့။

"ဟဲ့...ဆိုင်းသမားတွေကို အအေးတိုက်ဖို့ လုပ်ကြဦး
သူတို့မယ် ကျတဲ့ချွေးက လက်ပစ်တောင်ကူးလို့
ရလောက်ရဲ့"

"အရီးကျော့ကတော့ လုပ်ပြီ"

ဆိုင်းလာနားထောင်သူတွေလဲ ဆိုင်းဆရာနဲ့ အဆို
ကျော်ကိုကြည့်ပြီး အားနာနေကြပုံပဲ။
တစ်ယောက်က မက်တပ်ရပ်ဆိုနေတဲ့ အဆိုကျော်
ရဲ့ဘေးမှာ သွားထိုင်ပြီး ယက်ခပ်ပေးတယ်။

ဒီနေ့ ညနေ အလှူလှည့်မည်ဖြစ်သောကြောင့်
ညောင်ပင်တန်းရွာ၌ စည်ကားနေသည်။

"ငါးပိလိမ်မာလေးက စားကောင်းတော်..
ပဲချဥ်လေးနဲ့အလိုက်ပဲ "

ပုဝါပါးလေး စွန်းမှာဆိုးWhere stories live. Discover now