ပုဝါပါးလေးစွန်းမှာဆိုး(၂၆)

1K 111 9
                                    

သင်္ကြန်တွင်း ရွာထဲ၌ ရေကစားမဏ္ဍပ်လေးတွေ
လုပ်ထားကြသည်။
ဖိုးထောင်တို့ကာလသားတစ်စု ရေကစားမဏ္ဍပ်
ရှေ့က ဖြတ်သွားသမျှ ရွာသူအပျိုချောတွေကို
တစ်ယောက်မှ မလွတ်စေရ ရေလိုက်လောင်းသလို၊
ကလေးတွေနှင့် အိမ်ထောင်သည်တွေဆိုရင်တော့
အိုးမည်းနှင့်လိုက်သုတ်လေသည်။

"ဟဲ့...ငါတို့ကျဘာလို့ရေမလောင်းလဲ ၊ ငါတို့လဲ
လူဟဲ့ ..လူ"

ဒေါ်ကလေးမ ရေလောင်းမခံရပဲ မျက်နှာတစ်ခု
လုံး အိုးမည်းသုတ်ခံရတာ မျက်ကွင်းနှစ်ခုသာ
ပေါ်သည်။
ဖိုးထောင်တို့အုပ်စုရှေ့ ခါးထောက်ရပ်ကာ
မကျေမနပ်နှင့် ရန်တွေ့လေတော့

"အာ...ကြီးဒေါ်ကလေးမကလဲ ရေရှားတယ်ဗျ
ချွေတာပြီးလောင်းနေရတာ ၊ အိုးမည်းသုတ်ခံရ
နည်းလား ၊ အိုးမည်းကတော့ပေါတယ်နော် "

"အမယ် ၊ မှတ်သားလောက်ပါပေရဲ့
အတာရေဆိုတာ နည်းနည်းဖြစ်ဖြစ် လောင်းပေး
ရတယ်ဟဲ့ ပေးစမ်းရေခွက် "

"ဟာ...ကြီးဒေါ်..."

ဒေါ်ကလေးမက ဖိုးထောင်လက်ထဲက ရေခွက်ကို
လုကာ သူ့ဘာသာသူ ရေတွေလောင်းချနေတော့
သည်။
လေးငါးမုတ်ခန့်လောင်းပြီးနောက် မဏ္ဍပ်ရှေ့က
ကော့တော့ကော့တော့နှင့် ထွက်သွားတော့သည်။

"ကုန်ပါပြီဗျာ ၊ ကုန်ပါပြီ
ဒီမှာ ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲနဲ့ ရေတိုက်ထား
ရတာ ဒီမိန်းမကြီးကတော့.."

ဖိုးထောင် ကျိတ်မနိုင်ခဲမရနှင့် ရေရွတ်ရင်း စည်ပိုင်း
ထဲက ရေတွေကို နှမျောတသစွာနှင့် ငုံ့ကြည့်လိုက်
သည်။

"ဟိတ်ကောင် ဖိုးထောင် ၊ မင်းက အလှူမှာသွား
မကူပဲ ၊ ဒီမှာဘာလုပ်နေတာလဲ "

အိမ်ထဲက ဖိုးထောင်အဖေ လှမ်းအော်တာကြောင့်
ရေလာကစားနေသည့် ကာလသားတစ်သိုက်
သုတ်ချေတင် ပြေးချေပြီ။
ဖိုးထောင် လက်ထဲက ရေခွက်ကို စည်ပိုင်းထဲ
ပစ်ချခဲ့ကာ ဘုန်းကြီးကျောင်းဘက်သို့ ထွက်လာ
ခဲ့တော့သည်။

.........

ရွာအလှူရှိသည်ဆို၍ သူရိန်တစ်ယောက် သူ့အမျိုး
သမီးနှင့် ညောင်ပင်တန်းသို့ရောက်လာပြန်သည်။
လင်မယားနှစ်ယောက်လုံး သူကြီးအိမ်မှာတည်းကြ
မည်ဖြစ်သည်။
ငယ်ထွေးကတော့ သူရိန်ရောက်လာ၍ ပျော်နေ
သည်။
သူရိန်က အလှူကို မှတ်တမ်းတင် ဗီဒီယိုရိုက်ပေး
မည်ဟုဆိုသည်။
ကင်မရာသန့်ရှင်းရေးလုပ်နေသည့် သူရိန့်နဘေး
ငယ်ထွေးနှင့်မိုက်မိုက် စိတ်ဝင်တစား ထိုင်ကြည့်
နေကြသည်။

ပုဝါပါးလေး စွန်းမှာဆိုးحيث تعيش القصص. اكتشف الآن