ပုဝါပါးလေးစွန်းမှာဆိုး (၉)

1.1K 106 2
                                    


ဆရာမလေး ညစာစားဖို့ ငယ်ထွေးကိုယ်တိုင် ပြင်
ပေးနေသည်။
ဆရာမလေးက ဖိုးလုံးအခြေနေကို တစ်ခေါက်
သွားကြည့်နေတာကြောင့် အနားမှာမရှိ။

"အထွေး..."

"မြလေး..."

"ထမင်းပွဲ ကိုယ်တိုင်ပြင်လို့ပါလား အထူးအဆန်း"

မြလေးငုံက ငယ်ထွေး ထမင်းပွဲပြင်နေတာကို ဝိုင်း
ကူပေးသည်။
ငယ်ထွေးက ချိုင့်ထဲမှ ထမင်းတွေကို ကြွေပန်းကန်
ပြားထဲ လှယ်ထည့်နေရင်းမှ မလုံမလဲဖြင့် မြလေးငုံ
ကိုကျောခိုင်းကာ

"ဖိုးလုံး အခြေနေ လာကြည့်တာလား"

"အင်း...အဲ့ဒါကော ဆရာမလေးက ဒီည ဆေးရုံ
မှာအိပ်မယ်ကြားလို့ အဖော်လာအိပ်ပေးတာ "

မြလေးငုံ စကားကြောင့် ငယ်ထွေးက သူမကို
တစ်ချက်စွေကြည့်လိုက်သည်။
ဒါကိုမြင်လိုက်သည့် မြလေးငုံက

"ဘာလဲ.."

"နင်မအိပ်လဲရပါတယ် ငါလဲဒီည ဒီမှာ စောင့်အိပ်
မလို့.. ဖိုးလုံးအခြေနေလဲသိရအောင်..ဒီညလာအိပ်
ကြမယ့်လူတွေ အများကြီးပါ နင်...နင့်အိမ်မှာပဲ
အေးဆေးပြန်အိပ်..."

ငယ်ထွေးကပြောပြီးသည်နှင့် အနားကထွက်သွား
သည်။
မြလေးငုံက စားပွဲပေါ်ကဟင်းပန်းကန်တွေ ယင်မ
နားအောင်အုပ်စောင်းဖြင့် အုပ်လိုက်သည်။
ငယ်ထွေး လူနာဆောင်ဘက် ထွက်လာခဲ့ပြီး
မှောင်လာတာကြောင့် မီးချောင်းနှင့် ဘတ္ထရီအိုးတွေ
ယူကာ မီးထွန်းလိုက်သည်။

ဖိုးလုံးအခြေနေက သက်သာလာပြီဖြစ်သည်။
ဆရာမလေးက ဖိုးလုံးကိုစကားပြောနေသည်။
ငယ်ထွေး သူတို့နားမယောင်မလည်နှင့် သွားရပ်
ပြီး နားထောင်နေသည်။

"ရှေ့လျှောက် မိုးရာသီကရောက်တော့မှာဆိုတော့
မြွေအန္တရာယ် သတိပြုကြရတော့မယ်..
ခြေထောက်ဗလာတွေနဲ့ သွားကြလာကြတာ
ရှောင်ရမယ် လယ်ထဲ ယာထဲ ဆင်းရင် လည်ရှည်
ဖိနပ်တွေစီးပြီးမှ ဆင်းကြနော် "

"သြော်..ဆရာမလေးရယ်..ကျုပ်တို့လယ်တွေက
ပုန်းမကြည်ရှင်မကို အပ်ထားတာဗျ
ဒါကြောင့် လယ်ထဲဖိနပ်စီးလို့မရဘူး
အရှင်မကိုအပ်ထားတော့ အရှင်မကစောင့်ရှောက်
ထားတယ် ပိုးကောင်မွှားကောင် ရှင်းတယ်ဗျ"

ပုဝါပါးလေး စွန်းမှာဆိုးWhere stories live. Discover now