ပဝါပါးလေးစွန်းမှာဆိုး(၁၉)

918 104 6
                                    


မိုက်မိုက် ကုတင်ပေါ်ပက်လက်လှဲကာ နဖူးပေါ်
လက်တစ်ဖက်တင်၍ ပြတင်းပေါက်အပြင်ဘက်
ကနေ ကြယ်အနည်းငယ်ရှိနေသည့် ကောင်းကင်
ကိုငေးမောကြည့်နေသည်။
သူ့မျက်လုံးထဲ ရွာကို ကျန်းမာရေးအသိပညာပေး
ဟောပြောပွဲလာလုပ်သွားသည့် ဆရာဝန်မလေးရဲ့
ပုံရိပ်က ဖျောက်ဖျက်မရ။
ထိုမိန်းကလေးကိုနောက်တစ်ခေါက် တွေ့ချင်စိတ်
က ရင်မှာတဖွားဖွား။
သို့သော် သူမကိုတွေ့ဖို့အခွင့်အရေးက မရှိ။
တွေ့ရဖို့နည်းလမ်းရှာရင်း ထိုည ညနက်မှအိပ်ပျော်
သွားသည်။

နောက်တစ်နေ့မနက်...

"မိုက်မိုက်....မိုက်မိုက်...."

အိမ်အောက်ထပ်က အမေ့ရဲ့ခေါ်သံကြောင့်
မိုက်မိုက် နိုးသွားသည်။
မျက်လုံးနှစ်ဖက်ကို ပွတ်သပ်ကာ လှဲနေရာမှ
ထလိုက်သည်။

"ဘာလဲအမေရာ...စောစောစီးစီး..
အော်ကြီးဟစ်ကျယ်နဲ့..."

"အမလေးတော်...ဘာကိုစောစောစီးစီးလဲ
မျက်လုံးလေးဘာလေးဖွင့်ကြည့်ဦး..
နေကဖြင့်ဖင်ထဲဝင်တော့မယ်.."

"တော်ပါဗျာ...ဟုတ်တာမဟုတ်ဘူး...
စောစောစီးစီးမုသာဝါဒပြော...ငရဲဗျနော်..
ငရဲ..."

"အမလေး...ဖိနပ်ကြားကနတ်စကားထွက်လို့..
ထတော့...ငါရွာထဲခဏသွားမလို့..အဲ့ဒါဆိုင်ခဏ
ကြည့်ထားဦး...ယင်းမာကမြို့တက်သွားတယ်.."

"အမေတို့ကလုပ်ပြီဗျာ..."

မိုက်မိုက် ညည်းတွားရင်း ကုတင်ပေါ်ကဆင်းကာ
ပုဆိုးပြင်ဝတ်လိုက်သည်။
ထို့နောက် အခန်းထဲကထွက်ကာ အိမ်အောက်ထပ်
သို့ဆင်းလာခဲ့သည်။
မျက်နှာသစ် သွားတိုက်ပြီးနောက် အိမ်နှင့်တွဲဖွင့်
ထားသည့် ကုန်စုံဆိုင်မှာ ဆိုင်စောင့်တာဝန်ကျသည်။

"အမေ..မြန်မြန်ပြန်လာခဲ့နော်..
အမေ့ခဏက မွန်းတည့်မှပြန်လာမှာကျုပ်သိတယ်"

"နင့်အမေပဲ...နင်ဒေါင်တိုက်နေရတော့ကောင်း
လား..."

"အဲ့ဒါအမေ့တူလို့လေ..
ကျုပ်နဲ့အမေ ဘယ်သူလူအရင်ဖြစ်လဲ..."

"ဟင်း...ပြောလိုက်ရင်အဲ့လိုကြီးပဲ..."

ဒေါ်စ အညာသဘက်လေးခေါင်းပေါ်တင်၍
ခြံဝိုင်းထဲကထွက်သွားသည်။
ခြံပြင်ရောက်ပြီးမှ အိမ်ဘက်သို့တကြော့ပြန်လှည့်
ကြည့်ကာ

ပုဝါပါးလေး စွန်းမှာဆိုးDonde viven las historias. Descúbrelo ahora