ပုဝါပါးလေးစွန်းမှာဆိုး(၂၅)

756 87 4
                                    

ရွာပုံစုရှင်ပြုပွဲအတွက် တစ်ပတ်အလိုတွင်
ညောင်ပင်တန်းရွာ ဘုန်းကြီးကျောင်းဝန်းအတွင်း၌
အလှူမဏ္ဍပ်ထိုးနေပြီဖြစ်သည်။
နှီးဖြာပေးသူကပေး၊ တိုင်ထူသူကထူ ၊ ကာလသား
တစ်သိုက် တပ်ညီလက်ညီနှင့် လုပ်အားပေးကြသည်။
မဏ္ဍပ်ထိုးသူတွေကိုကျွေးဖို့ ကောက်ညှင်းပေါင်း
သူကပေါင်းနှင့် ဘုန်းကြီးကျောင်းဝန်းထဲ လုပ်အား
ပေးသူတွေ စည်ကားနေလေတော့သည်။

"အကျွေးမွေးအတွက်ကတော့ မပူနဲ့မောင်ရင်
ရွာလုံးကျွတ် မီးခိုးတိတ်ပဲဟေ့"

မဏ္ဍပ်ထိုးပြီဟေ့ဆိုကတည်းက အကျွေးမွေးပိုင်း
ဧည့်ခံဖို့ကလဲ ပြင်ဆင်နေကြလေပြီ။
အိမ်ထောင်သည်ရွာသူတချို့ ပွဲလာဧည့်ပရိတ်သတ်
တွေကိုဝေဖို့ ဆေးပေါ့လိပ် လိပ်ကြသည်။
ဆေးရိုးစင်းသူကစင်း ၊ ထောင်းသူကထောင်း၊
ဆေးလိပ်လိပ်ရင်း ရုပ်ရှင်အကြောင်း ၊ ဟိုအကြောင်း
သည်အကြောင်းကလဲ ပြောကြသေးသည်။
အပျိုအုပ်စုက ပေါက်ပေါက်ဆုပ်လုံးသည်။
ပေါက်ပေါက်လုံးပြီးနောက် အလှူရပ်အတွင်း မိုးဦး
လေဦးမကျအောင်  ရှင်ဥပဂုတ္တမထေမြတ်အား
ဦးဦးဖျားဖျား ပူဇော်ကြသည်။

"သူကြီးသားအဖတော့ ဆိုင်းငှားဖို့မြို့တက်သွားတာ
ရမရတော့မသိ"

"တို့သူကြီးကလဲအေ စောစောကတည်းက ကြိုငှား
ထားမှပေါ့ ၊ အခုက အလှူရာသီဆိုတော့ တော်ကြာ
ငှားမရမှ ကျုပ်တို့ပွဲငတ်ဦးမယ်"

"ဆိုင်းက ငှားထားတာကြာပြီအေ့ ၊ အခုကငွေချေ
ရင်း လိုအပ်တာတွေသွားဝယ်ကြတာ "

"ဒါနဲ့ ကိုကိုမြိုင့်ဆိုင်းကောရလား ၊ မင်းသမီးက
ဝါဝါမြိုင်ဆို သူက အဆိုကောင်း အကကောင်း၊ လူပြတ်တွေကလဲ ရယ်ရသတဲ့ "

"ပြောတတ်ပါဘူးအေ ဘယ်အဖွဲ့ရောက်လာမလဲ"

..........

မိုက်မိုက်တစ်ယောက် အလှူပွဲအကြောင်းပြုပြီး
ညောင်ပင်တန်းရွာကနေ ထနောင်းစုသို့ပင် မပြန်
တော့ချေ။
အလှူကိစ္စနှင့်ပက်သက်ပြီး ငယ်ထွေးနှင့်လဲ
ရင်းနှီးသွားကြပြီး ငယ်ထွေးအိမ်မှာတည်းသည်။

ရှင်လောင်းလှည့်မည့်နေ့က နှစ်ဆန်းတစ်ရက်နေ့
ဖြစ်ပြီး ထိုနေ့ ဆံချကာ နောက်တစ်နေ့မနက်မှ ရှင်မည်ခံ ဖြစ်သည်။

ပုဝါပါးလေး စွန်းမှာဆိုးWhere stories live. Discover now