ပဝါပါးလေးစွန်းမှာဆိုး(၂၀)

829 90 6
                                    


"တောက်ခ်....
ဒါ မိုက်မိုက်ကို သွေးတိုးစမ်းတာပဲ...
ငါ့ကြက်ကိုခိုးသွားတဲ့ကောင် လက်ပူးလက်ကြပ်
မိလို့ကတော့ ဇီဝိန်ချုပ်ဖို့သာ ပြင်ထား..."

ခြံအနီးတစ်ဝိုက် ငှက်ကြီးတောင်ဓားကြီး တဝံ့ဝံ့နှင့်
အော်ဟစ်သောင်းကျန်းနေသော မိုက်မိုက်ကြောင့်
ဘေးခြံက ကိုရေခဲတို့လင်မယား ကြောက်ဒူးတုန်
နေချေပြီ။

"ငါတွေ့လိုက်တယ် မိန်းမရ...မနက်က
လှတူးတို့ အဲ့ခြံနား ဝဲလည်ဝဲလည်လုပ်နေတာ.."

"ရှူး...တိုးတိုးပြောစမ်းပါတော်..ကြားသွားလို့
တော့်ကိုပါ အစစ်လာခုတ်နေပါဦးမယ်"

......

"ဟေ့ကောင်မိုက်မိုက်...ဘာဖြစ်နေတာလဲ.."

"ဘာဖြစ်ရမလဲကွ...ငါ့ကြက်မလေးအခိုးခံ
လိုက်ရလို့...တစ်နေ့ကမှဥကျထားတာ..
ငါကွာ...သူခိုး...သိလို့ကတော့ သတ်ပစ်မယ်"

"စိတ်ကိုလျှော့ပါကွာ...ငါမင်းကိုလာခေါ်တာ..
ညောင်ပင်တန်းကိုသွားမလို့ကွ...ငါ့ယောက်ဖ
ထန်းပင်ပေါ်ကပြုတ်ကျပြီး ခြေထောက်ကျိုး
လို့ ဆေးရုံပို့မလို့..."

"ဟေ...ညောင်ပင်တန်းကိုဟုတ်လား.."

"အေး...အဲ့ဒါ မင့်ထော်လာဂျီလာငှားတာ.."

"အေး...ခဏ..ခဏ.."

မိုက်မိုက် အိမ်ထဲသို့အပြေးပြန်ဝင်သွားကာ
အဝတ်အစားမြန်မြန်လဲလိုက်သည်။

"အဟေး...ဒီလိုသတင်းမျိုး ကြားချင်တာ
ကြာလှပြီ...စိတ်တော့မကောင်းဘူး ဝေကြီးရာ"

ဗီရိုလေးထဲမှ လည်ကတုံးအဖြူတစ်ထည်ကို
ထုတ်ရင်း မိုက်မိုက် ရေရွတ်လိုက်သည်။

ယင်းမာ အိမ်ပေါ်က အပြေးတစ်ပိုင်းဆင်းလာ
သည့် မိုက်မိုက်ကိုမြင်တော့

"ဟဲ့...ဒါကဘယ်လိုဖြစ်နေတာလဲ.."

"ကျုပ် ညောင်ပင်တန်းကို လူနာလိုက်ပို့မလို့
အဲ့ဒါ..."

"ဟမ်...ဘယ်သူဘာဖြစ်လို့လဲ..."

"ဝေကြီးယောက်ဖ ထန်းပင်ပေါ်ကပြုတ်ကျလို့တဲ့"

မိုက်မိုက်က သူ့ရဲ့ဘိုကေကို ကျော့နေအောင်ဖြီး၍
မှန်ထဲ သူ့ရုပ်ကို ဘယ်ပြန်ညာပြန်ကြည့်ကာ
ပုဆိုးကိုသေချာပြင်ဝတ်နေသည်။
ယင်းမာ သူ့ညီမကို ခါးထောက်၍ ကြည့်နေရင်းမှ

ပုဝါပါးလေး စွန်းမှာဆိုးWhere stories live. Discover now