ပဝါပါးလေးစွန်းမှာဆိုး(၆)

1.2K 112 1
                                    


ငယ်ထွေးက ပြောပြီး အိမ်နောက်ထွက်သွားသည်။
ငခွေးတစ်ယောက်
နွားတွေကို တင်းကုပ်ထဲပြန်သွင်းပြီးနောက် ခြင်
မကိုက်အောင် မီးဖိုပေးဖို့အတွက် ခြံနောက်က ကောက်ရိုးပုံမှ ကောက်ရိုးသွားအယူ
ငယ်ထွေးကို ကောက်ရိုးပုံနဘေး ဆောင့်ကြောင့်
ထိုင်နေသည်ကိုတွေ့လိုက်ရသည်။

"အထွေး...ဒီမှာဘာထိုင်လုပ်နေတာလဲ
ခြင်ကိုက်ရကိုက်နဲ့"

"အာ..လန့်လိုက်တာ...အသံမပေးဘာမပေးနဲ့"

ငယ်ထွေးက သူ့ကိုလာကိုက်နေသည့်ခြင်တွေကို
တဖြန်းဖြန်းရိုက်ကာ ခေါင်းကုတ်ရင်းပြန်ပြော
တော့ ငခွေးက သူမနား ဆောင့်ကြောင့်ထိုင်ကာ

"ဟမ်..ငါလာတာတောင်မသိရအောင်..နင်ကဘာ
တွေစဥ်းစားနေတာလဲ..ခေါင်းကလဲကုတ်လိုက်တာ
ပုပ္ပါးတောင်က မျောက်အိုမကြီး သန်းယားလို့ စုံကုတ်နေတဲ့အတိုင်းပဲ"

"နင့်ပါးစပ် ပိတ်ထားစမ်းပါ.. ဒီမှာစိတ်ညစ်ရတဲ့အထဲ"

"စိတ်ညစ်တယ်ဟုတ်လား..နေစမ်းပါဦး
ဘာကိုစိတ်ညစ်နေတာလဲ ၊ သြော်..စာချကိုယ်တော်
လေးပြန်ရောက်လာလို့လား"

"ဘယ်ကသာ...ဧည့်သည်တွေက..ဘယ်တော့မှ
ပြန်မလဲမသိဘူး"

"အချိန်တန်ရင်ပြန်မှာပေါ့ဟ..နင်ကလဲ
ဧည့်သည်တွေရောက်နေတော့ ငါတို့ဟင်းကောင်း
စားရတာပေါ့၊ ဘာစိတ်ညစ်စရာရှိလဲ"

"နင်မသိပါဘူး...အနေထိုင်မလွတ်လပ်ဘူးဟ
ပြီးတော့ ဟိုဆရာဝန်က အိမ်မှာနေမှာဆို "

"အေးလေ..သူကြီးက ဆရာဝန်မလေးနေမယ့်
လိုင်းခန်းကို မပြင်ရသေးလို့ ..လိုင်းခန်းပြင်နေ
တဲ့အချိန်..အိမ်မှာပဲနေခိုင်းတာ"

"ဒါဆို လိုင်းခန်းပြင်ပြီးရင် သူကလိုင်းခန်းမှာပဲ
သွားနေမှာပေါ့"

"အေးပေါ့.."

"တော်သေးတာပေါ့.."

..............

ဆရာဝန်အမျိုးသမီးနှင့်ပါလာသည့် ဧည့်သည်တွေ
က အိမ်မှာ ဘယ်လောက်ကြာအောင်နေဦးမည်မသိ။
သူရိန်ဆိုသော ဆရာဝန်အမျိုးသမီး၏ အစ်ကိုဖြစ်
သူကတော့ ကိုကြီး၊ကိုငယ် တို့နှင့် တော်တော်လေး
ရင်းနှီးနေချေပြီ။
ငယ်ထွေး အိမ်ရှေ့ထွက်လာတော့ ကိုကြီးနှင့်ကိုငယ်
က ထိုမြို့သားနှင့်အတူ အိမ်ရှေ့က ကွပ်ပျစ်မှာထိုင်
၍ စကားပြောနေသည်ကိုတွေ့ရသည်။

ပုဝါပါးလေး စွန်းမှာဆိုးWhere stories live. Discover now