ပုဝါပါးလေးစွန်းမှာဆိုး(၁၁)

1.3K 112 4
                                    


ငခွေး ချိုင်းထောက်ယူ၍ ဆေးရုံကပြန်လာခဲ့သည်။
ဦးဘိုကြီးတဲဘက်ရောက်တော့ အိမ်ရှေ့က ကွပ်ပျစ်
မှာထိုင်ကာ ရေနွေးကြမ်းသောက်နေသည့် ဦးဘိုကြီး
ကို ခြံဝိုင်းရှေ့ကနေ လှမ်းမြင်လိုက်သည်။

"ဗျို့...ဦးဘိုကြီး...ဉီးဘိုကြီး..."

"ဟေ...ဘယ်သူလဲကွ"

"ကျုပ်...ငခွေးရယ်.."

"လာခဲ့လေကွာ.."

"ခွေးကြည့်ပေးဦး.."

"မရှိဘူး..လာခဲ့...မင်းကိုကိုက်မယ့်လူကငါပဲရှိတယ်
ခွေးကခွေးပြန်ကြောက်နေသေးကွာ"

ထိုအခါမှ ငခွေး ခြံဝိုင်းထဲ ဝင်လာခဲ့သည်။
ဦးဘိုကြီးက ငခွေးလက်ထဲကိုင်ထားသည့်
သူ့ချိုင်းထောက်ကိုမြင်တော့

"နေပါဦး ငါ့ချိုင်းထောက်က မင်းဆီဘယ်လို
ရောက်နေတာလဲ...မနက်ကနိုးလာတော့မတွေ့လို့
ငါ့မှာ ယာထဲသွားရမယ့်ဟာတောင်မသွားရဘူး"

ငခွေးက ခေါင်းကိုတစ်ချက်ကုတ်ကာ စပ်ဖြဲဖြဲနှင့်
ရယ်ပြီး

"အဟဲ...ကျုပ်လဲလမ်းမှာတွေ့လို့ ကောက်လာတာဗျ
ဦးဘိုကြီး ချိုင်းထောက်လို့ထင်လို့လာပေးတာ
ဟုတ်တယ်ဆိုလဲ ကျုပ်ပြန်ဦးမယ်"

"အေးကွာ ကျေးဇူးတင်တယ်
ဂုတ်ကျား ချီသွားတာပဲ ဖြစ်ရမယ်
ဒီကောင် ယာထဲမှာထားခဲ့တာကို ညကပြန်လာ
တယ်ထင်တယ်.."

"ဟုတ်ပါလိမ့်မယ် ဟင်းဟင်း..."

ငခွေး ထိုင်ရာမှထကာ ခြံဝိုင်းထဲက ခပ်မြန်မြန်
ထွက်လာခဲ့သည်။

"အထွေး..အထွေး....ဒင်းကခု ဆေးရုံမှာဆိုတော့
ငါကတော့ နွားဆယ်ကောင်ကို တစ်ယောက်ထဲ
ဘယ်လို ထိန်းရဦးမလဲမသိဘူး.. ဟင်း
စိတ်ညစ်တယ် အစ်ကိုသာအောင်တို့ကလဲ အားကိုး
မရဘူး.."

...........

နှစ်ရက်အတွင်း သာမောင်တို့ရွာပြန်ရောက်လာကာ
ရပ်မိရပ်ဖတွေလူကြီးတွေရှေ့ မိသားဘသားပီပီ
မိန်းမပြန်အပ်သည်။
ဦးသံလုံးကတော့ မကျေနပ်ပေမယ့် သူဘာမှလုပ်
မရတော့။ မတတ်သာ၍လက်လျှော့လိုက်ဟန်ရှိသည်။ သာမောင်လင်မယားက သူ့ကိုကန်တော့
ကြတော့ မျက်နှာလွှဲထားလေရဲ့။ သူ့သမီးကိုတောင်
သူကစကားမပြောချေ။
မျက်နှာထားတင်းတင်းနှင့် နေနေသည်။
ဒါတောင် သူ့သမီး ဗိုက်ကြီးသည့်ကိစ္စကို
မသိသေးလို့။
သာမောင့် ဘက်က လယ်ဧကနှစ်ဆယ် ၊ နွားနှစ်ရှင်း
ရွှေတစ်ဆယ်သား လက်ဖွဲ့သည်။
ထွေးညိုအဖေ ဦးသံလုံးကတော့ သမီးတစ်ယောက်လုံး ပေးထားပြီးပြီဖြစ်၍ ဘာမှလက်မဖွဲနိုင်
ဟု ခပ်ပြတ်ပြတ်ပြောသည်။
ထို့ကြောင့် သူကြီးဦးဘချစ်က အတ္တကြီးလွန်းသည့်
ဦးသံလုံးနှင့် စကားဆက်မပြောချင်တော့။
အိမ်မြန်မြန်ပြန်ချင်နေပြီဖြစ်သည်။

ပုဝါပါးလေး စွန်းမှာဆိုးWhere stories live. Discover now