အရှေ့မြောက်ဖွားလေးရဲ့ဘဝအစ

3.9K 113 0
                                    

သာကိီနွယ်ဖွားအိမ်တော်....မင်းမျိုးမင်းနွယ်ကနေဆင်းသက်လာခဲ့ပြီးခေတ်အဆက်ဆက်အရေးပါအရာရောက်ခဲ့သောလူကုံထံမိသားစုရဲ့အိမ်တော်ကြီး......အိမ်ကြီးတစ်ခုလုံးကိုကျွန်းသစ်တွေနဲ့ဘဲဆောက်လုပ်ထားတာကြောင့်ရေနံချေးဝ၍မဲနက်နေသောအိမ်တော်ကြီးကစိမ်းစိုသောသစ်ပင်ပန်းမန်များအလယ်မှာထီးထီးမားမားရှိနေလေသည်
ဧက၁၀၀နီးနီးကျယ်ဝန်းတာမို့....ဝင်းထဲမှာစံအိမ်ကြီးအပြင်..အခွဲအိမ်တော်နှစ်ခုလည်းသီးခြားစီရှိနေသည်....
အနောက်မြောက်အိမ်တော်နဲ့အရှေ့မြောက်အိမ်တော်
ပထမအိမ်တော်မှာတော့.....သားကြီး..အဓိပတိဖွားရဲ့မိသားစုတွေနေထိုင်ကြပြီး...ဒုတိယအိမ်တော်မှာတော့သားငယ်..သမာဓိဖွားရဲ့မိသားစုနေထိုင်လေသည်
ပန်းမန်အစုံလင်စိုက်ပျိုးထားတာတဲ့အပြင်ဝင်းကိုလေးဘက်လေးတန်ကအုတ်တံတိုင်းတွေကာရံထား၍သီးသန့်ကမ္ဘာတစ်ခုလိုဖြစ်နေသည်...

အချိန်ကား..........ဆောင်းရာသီရဲ့ဝေလီဝေလင်းချိန်
မြူတွေထူပိတ်အောင်ကျလျက်အရိုးခိုက်အောင်အေးနေချိန်.....မအေးနိုင်သူမျာကတော့.......အရှေ့မြောက်အိမ်တော်ထဲကလူများပင်ဖြစ်ချေသည်

''ကြီးစိန်.....ကျွန်တော့်မိန်းမမွေးပြီလား...''

မီးဖွားခန်းရှေ့ခေါက်တုံ့ခေါက်ပြန်လျောက်နေသောသမာဓိဖွားကစိုးရိမ်စိတ်များစွာဖြင့်ထိုစကားကိုအခန်းထဲကလက်သည်ကိုခဏခဏအော်မေးမိသည်

''ဟဲ့...နင့်မိန်းမကသားဉီးမွေးနေတာ.......ကလေးမွေးတာများလွယ်တယ်ထင်နေလားမသိပါဘူးတော်''

''လွယ်တာမလွယ်တာအပထား......ကျွန်တော့်မိန်းမအော်သံမကြားချင်ဘူးဗျာ..........သူ့ကိုသက်သက်သာသာနဲ့မွေးလို့ရအောင်လုပ်ပေးဗျာ''

''တကယ်ထဲ..သည်းပါ့အေ''

အိမ်ထောင်သက်၅နှစ်အတွင်းပထမဆုံးရတဲ့ကလေးမို့သမာဓိဖွားတင်မက...အမေဖြစ်သူက..ဒေါ်တင်မမကြီးကပါအထူးအလေးပေးနေသည်,..မွေးမဲ့ရက်ကိုဇာတာစစ်ထဲက......ကလေးကကံကောင်းခြင်းနဲ့ဂုဏ်သတင်းကျော်ဇောခြင်းတွေကိုယူဆောင်လာမယ်လို့ဆရာတော်ဟောပြီးထဲကအမေကဒီမြေးမှဒီမြေး...

​ပိုပြီးကဲသွားတာက...ကလေးကအမေလိုချင်နေတဲ့အရှေ့မြောက်ဖွားကလေး..........မျိုးဆက်ထဲမှာအရှေ့မြောက်ဖွားတွေကအတော်ထူးချွန်ကြပြီးအတော်လည်းထက်မြတ်တဲ့အပြင်သြဇာလည်းပိုမိုသက်ရောက်တာကြောင့်အမေကသူ့မျိုးဆက်မှာအရှေ့မြောက်ဖွားတစ်ယောက်လောက်လိုချင်နေတာကွက်တိသွားကျတာဘဲ...

မုန်းလိုကမုန်း၍ချစ်လိုကချစ်နိုင်သည်Where stories live. Discover now