ချစ်ခွင့်ရပြီးနောက်-1

1.7K 106 5
                                    

'ဒေါ်လေးစိန်........ဟိုဟာလေဗျာ..ကြက်စွပ်ပြုတ်လုပ်တတ်လား''

အိမ်ရောက်တာနဲ့မီးဖိုခန်းထဲဝင်ကာဒေါ်လေးစိန်ကိုအပူကပ်ရသည်

''မမလေးသောက်ချင်လို့လား''

''ကျုပ်အသိတွက်ယူသွားပေးချင်လို့.....အဲ့တာလုပ်ထားပေးနော်......ခဏနေကျုပ်လာယူမယ်''

ဒေါ်လေးစိန်ကိုမှာပြီးတာနဲ့အပေါ်ထပ်ကိုပြန်တက်ဖို့လှေကားဆီအလာ..

''ဟော..သမီး....အခုမှပြန်လာတာလား''

အပေါ်ထပ်ကနေဆင်းလာတဲ့မေမေကလှမ်းမေး၏....

''ဟုတ်တယ် မေမေ...ဟိုဉစ္စာ... အသိကလေး....ဆေးရုံတင်လိုက်ရလို့.....''

''အတော်စိုးရိမ်ရလားသမီး.........''

'သက်သာလာပါပြီမေမေရဲ့.....နေပါအုံး.....ဒီနေ့..ဒေါ်မြသက်လယ်တို့သနပ်ခါးတွေဖွေးနေပါလား.......လည်ပင်းတွေရောနော်''

ဧသာန်ကစတော့မေမေကရှက်ပြုံးပြုံး၏

''အယ်...မေမေ...မေမေ့လည်ပင်းမှာ...နီနေတယ်''

''ဖေဖေလုပ်ထားတာလေသမီး''

အခုမှအိပ်ယာကနိုးလာပုံရသောဖေဖေကပြုံးစစမျက်နှာနဲ့လှမ်းပြောသည်...

''ဗျာ..ဖေဖေလုပ်ထားတာ''

မေမေကဖေဖေ့လက်ကိုဆွဲဆိတ်ကာအံကျိတ်သံဖြင့်

''မောင်....ဘယ်လိုဖြစ်နေတာလဲ ...သမီးရှေ့မှာ...''

''ဧသာန်ကလေးမဟုတ်ပါဘူးမေမေကလည်း.....အငယ်လေးရလည်းကောင်းတာဘဲ.....နော်ဖေဖေ.....''

ဖေဖေကမေမေ့ကိုမျက်စပစ်ကာ

''ကြားရဲ့လားဒေါ်မြသက်လယ်....သမီးတောင်ပြောနေပြီ......''

မေမေကဖေဖေနဲ့ဧသာန့်ကိုမျက်စောင်းတစ်ချက်ထိုးကာ

''ဒီသားဖတွေမနက်စောစောစီးစီးဘာလာပြောနေကြတာလဲ...နားရှက်စရာတွေ.......သွားသွား....သမီးလည်းသွားနားချေ.........ဟိုတစ်ယောက်က..ကိုယ်လုပ်ထားတဲ့ကိစ္စတွေကိုယ်သွားရှင်း...''

မေမေကမီးဖိုခန်းထဲပြေးဝင်သွား၏...

ဖေဖေကအသံခပ်ကျယ်ကျယ်ဖြင့်...

မုန်းလိုကမုန်း၍ချစ်လိုကချစ်နိုင်သည်Where stories live. Discover now