အချစ်ကိုရရန်ကြိုးစားခြင်း-3

1.4K 95 3
                                    

ဒီနေ့က တုံတုံလေးရဲ့မွေးနေ့ပင်......dutyမပြီးသေးသောဆည်းဆာမှာအခုထက်ထိအိမ်ပြန်မရောက်လာသေးချေ....

''ဖွားရေး...မေကဘာရို့ကြာနေတာရဲ..''

ဂါဝန်ပန်းနုရောင်ပွပွလေးဝတ်ထားသောတုံတုံလေးကအဖွားဖြစ်သူနားကပ်ကာဂျီကျနေ၏..
ထိုအခိုက်တွင်...

''တုံတုံ''

စက္ကူဘူးလေးတစ်ခုကိုပိုက်ကာဝင်လာသောဧသာန်ဖွား.....

''ဘယ်သူများလဲကွဲ့''

''အာ......ဒေါ်ဆည်းဆာရိပ်သွင် ရဲ့မိတ်ဆွေပါ.........ဧသာန်ခေါင်းပေါက်တုန်းကချုပ်ပေးရင်းခင်တာ....('

ဧသာန်.....တုံတုံရဲ့ဘေးမှာဝင်ထိုင်ကာ...

''ဒီမှာကြည့်.........တုံတုံရဲ့မေမေကမှာထားလို့မမလာပို့တာ'

''မုန့်....ဖွားရေး..မုန့်လှလှရေး..''

တုံတုံကလက်ခုပ်တီးကာထခုန်၏.....

''မေမေလာတဲ့ထိစောင့်ပြီးကိတ်ခွဲကြမယ်နော်''

''ဟုတ်''

''...အခု..မမနဲ့ကစားရအောင်...''

Busကားပေါ်ကဆင်းရင်းခြေလှမ်းများကအိမ်ဆီခပ်သွက်သွက်လှမ်းနေမိ၏......သမီးမွေးနေ့မို့အိမ်ကိုစောစောပြန်ပါမယ်ဆိုကာက...အပိုdutyပါထပ်ဆင်းလိုက်ရတာကြောင့်...အတော်မိုးချုပ်နေလေပြီ

''ဟင်...ဘယ်ကကားလဲ''

အဝါနုရောင်ပြိုင်ကားလေးက...ကျဉ်းမြောင်းလှသောအိမ်ရဲ့ဝင်ပေါက်ကိုပိတ်ထား၍...မနည်းတိုးဝင်ရသည်...

''မေ့''

သမီးလေးကသူမကိုမြင်တာနဲ့လာပြေးဖက်၏..

''မေမေ့သမီးလေး...မေမေနောက်ကျသွားရင်တောင်းပန်ပါတယ်နော်''

သမီးရဲ့ပါးဖောင်းဖောင်းလေးကိုနမ်းပြီးမှဧည့်ခန်းထဲမှလူကိုသတိထားမိ၏..

'မင်း..''

ကြမ်းပြင်တွင်ထိုင်နေသောထိုသတ္တဝါလေးကထရပ်ကာ...သမီးကိုပွေ့၏..

''ကိတ်ခွဲရအောင်လေ......ဖွားလေးတော့အိပ်နှင့်ပြီ..''

''ကိတ်...''

မုန်းလိုကမုန်း၍ချစ်လိုကချစ်နိုင်သည်Where stories live. Discover now