ကံကြမ္မာ

1.4K 85 3
                                    

တုံတုံဆေးရုံကဆင်းလာပြီးနောက်ဧသာန်သည်ဆည်းဆာတို့ရဲ့အိမ်သားတစ်ပိုင်းဖြစ်ခဲ့ချေပြီ
တချို့ရက်များတွင်အိမ်မှာညအိပ်ကာ..တချို့ရက်များတွင်တစ်နေကုန်နေပြီးညနေမှပြန်သွားတတ်၏

''ဘယ်လိုနေလဲ....''

ပထမဆုံးအကြိမ်ဖေဖေ့ကုမ္ပဏီမှာအလုပ်ဝင်မဲ့နေ့မို့ကုမ္ပဏီမသွားခင်အမျိုးသမီးကိုဝင်တွေ့ဖြစ်သည်
Night dutyဆင်းထား၍အခုမှအိပ်ယာကထလာသောအမျိုးသမီးကဧသာန့်ကိုစူးစူးစိုက်စိုက်ကြည့်ကာ..

''ချောတာကမွေးရာပါလား...နည်းနည်းလျော့လိုက်လို့မရဘူးလား...ဒီလောက်ချောနေရင်ကျွန်မစိတ်မချတော့ဘူးနော်ကောင်မလေး''

''ဟာ..အမျိုးသမီးကလည်း.......စိတ်သာချထားနော်..
ဧသာန်ဖွားကအမျိုးသမီးနဲ့မှစိတ်ယိုင်တာ...'

''ဟုတ်ပါပြီ.....ကြယ်သီးအစေ့တပ်လေကွယ်.....''

ဧသာန့်ရှပ်အင်္ကျီကိုကြယ်သီးတပ်ပေးနေသောအမျိုးသမီးကမြတ်နိုးစရာကောင်းလိုက်တာ....

''ကျုပ်တို့လက်ထပ်ကြမလားအမျိုးသမီး''

''ဟင်''

''မနက်တိုင်းမှာ....အမျိုးသမီးနဲ့နိုးထချင်တယ်....ကျုပ်ရဲ့ကိစ္စသေးသေးလေးတွေကိုစီမံမဲ့အိမ်ရှင်မကအမျိုးသမီးကလွဲရင်ဘယ်သူမှရှိလာမှမဟုတ်ဘူး.......''

''အချိန်ပေးပါအုံးဆိုကွယ်.....လက်ထပ်တာကလွယ်ကူတဲ့ကိစ္စမှမဟုတ်တာ.........''

''ကျုပ်စောင့်နိုင်ပါတယ်ဗျာ...အမျိုးသမီးသာကျုပ်ကိုမနှင်လွှတ်ဖို့အရေးကြီးတာ''

ခါးလေးကိုအသာဖက်ကာ..ပါးပြင်လေးကိုနမ်းရှိုက်နေခိုက်..

''ဒယ်ဒယ်...''

''ဟော....သမီးလေး......''

ဧသာန်ကတုံတုံကိုပွေ့ကာ...ပါးဖောင်းဖောင်းလေးကိုမွှေးမိသည်......

''​ဒယ်ဒယ်အလုပ်ကပြန်လာရင်မုန့်တွေအများကြီးဝယ်လာမယ်နော်''

''များကြီး''

''အာဘွားပေးပါအုံးဒယ်ဒယ်ကို''

''ဘွား......''

''ကဲ...ဒယ်ဒယ်သွားမယ်နော်....ဟိုဘက်ကအမျိုးသမီး...အလုပ်သွားပြီနော်''

မုန်းလိုကမုန်း၍ချစ်လိုကချစ်နိုင်သည်Where stories live. Discover now