အချစ်ကိုရရှိခြင်း

1.7K 108 3
                                    

အသက်ရှူရခက်လာသောအခါဆည်းဆာကသူ့ရင်ဘတ်ကိုတွန်း၏..........ထိုအခါသူကအလိုက်တသိအနမ်းတို့ကိုရပ်တန့်လိုက်သည်...

လူချင်းခွာလိုက်သော်ငြား....နမ်းထားသောနှုတ်ခမ်းသားတွေကစိုစွတ်နေဆဲပင်....
ရင်ခုန်သံတွေဟာတိတ်ဆိတ်နေသောအခန်းလေးကိုကြီးစိုးထား၏............ဘာမှမပြောဘဲခေါင်းငုံ့ချသွားတဲ့အမျိုးသမီး.....

''ခင်ဗျားစိတ်ဆိုးသွားလား''

ဧသာန်ဖွားကဆည်းဆာရဲ့လက်ဖျားကိုမထိတထိကိုင်ရင်းမေး၏.......

'တို့.......တို့ကို....ခုနကလိုမျိုး......တစ်ဘဝလုံး..
ကာကွယ်ပေးနိုင်ပါ့မလား''

မော့လာသောဆည်းဆာရဲ့နဖူးကဆံနွယ်တွေကိုအသာဖယ်ပေးရင်း...

''တစ်ဘဝစာတွက်ကျုပ်ကတိပေးနိုင်ပါတယ်အမျိုးသမီးရယ်.........ခင်ဗျားကိုထိခိုက်စေမဲ့အရာမှန်သမျှကိုရှေ့ကနေကျုပ်ကကာကွယ်ပေးပါ့မယ်''

''ဒါဖြင့်ရင်..........''

စကားလုံးတချို့ကိုနှုတ်ကနေထွက်လာဖို့အတော်အားယူရသည်...
မသိမသာခုန်နေခဲ့သောရင်ကဒီနေ့ကျမှဝုန်းဒိုင်းကျဲပင်...............

''ဆက်ပြောလေ.....''

အခန်းမီးရောင်မှိန်ပြပြအောက်မှာနှစ်ဉီးသားကမျက်နှာချင်းဆိုင်........

''မင်းကိုတို့''

အဆုံးထိမရောက်နိုင်သေးတဲ့စကား.....,..ဘာလို့များဒီလောက်ထိအရှက်သည်းနေရတာပါလိမ့်နော်...
ဆည်းဆာ..ကိုယ့်ကိုကိုယ်အားမရဖြစ်လာ၏...
မွေးထဲကဘယ်သူ့ဆီကမှကာကွယ်မှု..ဖေးမမှုကိုမှမရခဲ့တဲ့ဆည်းဆာဟာ...ဒီကောင်မလေးရဲ့အပြုမူတွေကြားကျရှုံးခဲ့ရသည်မှာအကြိမ်ကြိမ်.....
ရင်ခုန်သံတွေကိုထိန်းရလွန်းလို့နှလုံးရောဂါတောင်ရနိုင်သည်...

''တို့.......''

''ကျုပ်နားထောင်နေပါတယ်''

''ချစ်တယ် ''

စကားလုံးကနှစ်လုံးထဲ......ဒါပေမဲ့....ဧသာန့်ရင်ထဲငလျင်အကြိမ်နှစ်ရာလောက်လှုပ်သွားသလားဘဲ..
အမျိုးသမီးကဧသာန့်ကိုချစ်တယ်တဲ့လား...

''မင်းငုပ်တုပ်များမေ့သွားတာလား''

ငြိမ်ကျသွားသောသူ့လက်မောင်းကိုအသာလေးတို့ကြည့်တော့...သူကဆည်းဆာလက်ကိုဖမ်းဆွဲကာဘယ်ဘက်ရင်အုံ၌ကပ်၏

မုန်းလိုကမုန်း၍ချစ်လိုကချစ်နိုင်သည်Onde as histórias ganham vida. Descobre agora