မထင်မှတ်ထားတဲ့တွေ့ဆုံမှုအစ

1.6K 89 0
                                    

၂၀၁၇ခုနှစ်...

''အန်တီသက်ရေ....အန်တီသက်.....''

ခြံထဲမောင်းဝင်လာတဲ့ကားသံကြောင့်ထွက်ကြည့်တော့သမီးရဲ့သူငယ်ချင်းတွေဖြစ်နေတာကြောင့်..

''သမီးတို့ပါလား.....ဧသာန်အိပ်နေတုန်းကွဲ့''

''ဟမ်...ဒီနေ့ကြီးမှာဒင်းကအိပ်နိုင်တယ်''

ကောင်မလေးတွေကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာအိုတမ်းတမ်းလေးတွေဖြစ်ကုန်သည်...

''အန်တီသက်....ဒီနေ့ဆယ်တန်းအောင်စာရင်းထွက်မှာလေ''

''ဘုရားရေ......အောင်စာရင်းကဒီနေ့ထွက်မှာလား.....ဒုက္ခပါဘဲ......သမီးတို့ခဏထိုင်ကြအုံး..
.အန်တီကာလနဂါးကိုသွားနှိုးလိုက်အုံးမယ်''

အပေါ်ထပ်ကိုပွစိပွစိပြောကာတက်လာခဲ့ရသည်....
ဒီကလေး...နေစိမ့်ပုံများလက်လန်ပါသည်..

          ''ဒေါက်...ဒေါက်..''

''ဧသာန်....ဧသာန်''

''lockမချတော့ဘူးမေမေ''

အခန်းထဲဝင်သွားတော့သမီးကစောင်ပုံထဲနစ်နေဆဲပင်...

''ဒီနေ့အောင်စာရင်းထွက်မှာဆို...မထဘဲဘာလုပ်နေတာလဲ....ထထ..အောက်မှာလီလီနဲ့ကြယ်မိုးရောက်နေပြီ''

''ကြည့်စရာမလို့တော့ဘူး....''

''ဘာရယ်....ဧသာန်......ထစမ်း...''

အိပ်နေသောသမီးကိုအတင်းဆွဲထခိုင်းကာ

''ရှုံးတယ်လို့မပြောနဲ့နော်....''

ထိုအခိုက်မှာဘဲ...

''သမီး...သမီးမေမေနှလုံးရပ်သွားလိမ့်မယ်.....ပြောလိုက်တော့လေ''

''ဟီး...မေမေ့ကိုစချင်လာလို့ပါ........''

''ဒါဖြင့်ရင်...''

''အောင်ပါတယ်ကွာ...မောင်တို့သမီးကဂုဏ်ထူး၆ဘာသာနဲ့အောင်တာ....ညထဲကမောင့်သူငယ်ချင်းညွှန်မှူးဖုန်းလှမ်းဆက်တာ''

''ကြည့်စမ်း...သိသိကြီးနဲ့မပြောကြဘူးသားဖနှစ်ယောက်လုံး.....''

''မေမေ့ကိုအံ့သြသွားအောင်လို့ပါ...နော် ဖေဖေ''

''ဟုတ်တယ်သက်ရဲ့...ဘယ်လိုလဲ....မောင့်သမီးတော်တယ်မလား''

မုန်းလိုကမုန်း၍ချစ်လိုကချစ်နိုင်သည်Where stories live. Discover now