ရင်ခုန်သံ

1.7K 101 3
                                    

Evil Bar....
သာမန်barတစ်ခုမဟုတ်ဘဲ luxury ဆန်ဆန်မို့တော်ရုံလူဝင်မရပေ...member cardရှိသူတွေသာဝင်လို့ရတာကြောင့်...သီးသီးသန့်သန့်ရှိလှသည်

''blackဘဲလား....''

''အင်း''

ထောင့်စွန်းနားကစားပွဲမှာဝင်ထိုင်ရင်းလီလီရဲ့မေးခွန်းကိုခေါင်းညိမ့်ပြလိုက်သည်....
ဒီညတော့....ဘာဇယားမှမရှုပ်ချင်တာကြောင့်ခပ်အေးအေးရှိသောbarကိုလာခဲ့ခြင်းပါ....ဒါပေမဲ့...
ကြက်သွေးရောင်ရှပ်အင်္ကျီလက်ရှည်ကိုမှရင်ညွှန့်ပေါ်တဲ့အထိကြယ်သီးတွေဖြုတ်ထားပြီ.....အနက်ရောင်ဘောင်းဘီရှည်ဝတ်ထားတဲ့...မျက်ဝန်းကနက်တာလဲမဟုတ်..ညိုတာလဲမဟုတ်ဘဲ..မီးခိုးရောင်ဖြစ်နေသော....ဧသာန်ကမိန်းကလေးတွေကိုအတော်ဆွဲဆောင်နိုင်လှသည်........
နီညိုညိုကောက်ကောက်ကွေးကွေးဆံပင်ဂုတ်ဝဲကပခုံးထက်ဝဲနေသည်

''ဧသာန်...မင်းတွက်တဲ့....ဟိုနားကတစ်ယောက်ပေးတာ''

ပုံမှန်ဆို..ထိုကော့တေးတစ်ခွက်ကိုအရင်းပြုပြီးထိုကောင်မလေးနဲ့အဆင့်တက်မည်ဖြစ်သော်လည်း

''ပြန်ပေးလိုက်...''

''ဟာ..အထူးအဆန်းပါလား....မင်းဘယ်တုန်းကများဉပုသ်စောင့်တတ်သွားတာပါလိမ့်''

''နားညီးတယ်ကွာ....''

ကြယ်မိုးကထိုကောင်မလေးကိုကော့တေးခွက်သွားပြန်ပို့သည်

''ဆိုစမ်းပါအုံး... မင်းဘာဖြစ်နေတာလဲ ''

''ငါကွာ.......အဖွားကြီးတစ်ယောက်ကငါ့အတွေးထဲရောက်ရောက်လာတာ..sh*t..အခုတောင်သူ့ကိုမြင်ယောင်ပြန်ပြီ''

ဘာမပြောညာမပြောနဲ့ရေမရောရသေးသောဝီစကီခွက်ကြီးမော့သောက်လိုက်သော ဧသာန့်ကို..လီလီနဲ့ကြယ်မိုးကအထူးအဆန်းကြည့်သည်

''ဒီကောင်ဘာဖြစ်နေတာလဲဟ....အလူးအလဲဘဲ''

''ဘယ်ကအဖွားကြီးလဲ''

''မသိတော့ဘူး......ဘာဖြစ်နေမှန်းကိုမသိတော့တာ...ထိုင်ရမလိုထရမလိုနဲ့...အဲ့အဖွားကြီးကိုဘဲမြင်ယောင်နေတာ...''

''ခွီး.....''

ဧသာန်ကခံစားချက်အပြည့်နဲ့ပြောနေတာကိိုနှစ်ကောင်သားကပြုံးစိစိမျက်ခွက်တွေမို့ဒေါပွလာရသည်

မုန်းလိုကမုန်း၍ချစ်လိုကချစ်နိုင်သည်Where stories live. Discover now