အချစ်ကိုရရန်ကြိုးစားခြင်း-1

1.5K 98 2
                                    

''မေ့....''

သမီးလေးအိပ်နေပြီအထင်နဲ့နဖူးကိုဖွဖွလေးနမ်းလိုက်ချိန်.သမီးကနိုးလာသည်...

''မေမေ့အသဲကမအိပ်သေးဘူးလား......အိပ်မပျော်ဘူးလားသမီး...''

''မေ့ကိုကျောက်နေရို့...''

ဆည်းဆာ..သမီးရဲ့ဆံပင်တွေကိုသေချာသပ်ပေးလိုက်ပြီး..

''မေမေကလူနာကုန်မှပြန်ရတာသမီးရဲ့.......မေမေ့ကိုစောင့်နေရင်သမီးလေးအိပ်ရေးပျက်မှာပေါ့....''

တုံတုံလေးက..ဆည်းဆာရဲ့သမီးအငယ်ဖြစ်ကာ....
ကဲကဲကတော့သူ့အဖေနဲ့နေသည်....

ခင်ပွန်းသည်..နေရောင်လင်း နဲ့ကွာရှင်းကြချိန်....ဆရာဝန်ဟူသောဘွဲ့ကလွဲ၍ဘာပိုင်ဆိုင်မှုမှမရှိခဲ့သောဆည်းဆာတွက်...သမီးကြီးကဲကဲကိုအုပ်ထိန်းခွင့်လက်လွှတ်ခဲ့ရ၏.....ကံကောင်းတယ်ဘဲပြောရမလား... တုံတုံလေးကအဲ့အချိန်..ဆည်းဆာရဲ့ဗိုက်ထဲရှိနေခဲ့လေသည်...

''မေမေ့သမီးကိုမေမေချော့သိပ်ရမှာပေါ့......''

''ဖားတောက်တဲ့တီဂျင်း......''

''ဟုတ်ကဲ့ပါရှင်......မေမေသီချင်းဆိုပြမယ်...''
သမီးကိုရင်ခွင်ထဲထည့်ကာ.......

🎶မိတ္ထီလာကန်ဝယ် ဖားကောက်ခဲ့ပါကွယ်...ဗျိုင်းရှေ့ကပျံကာပျံရယ်............မိုးစုန်းစုန်းချုပ်ပေါ့သမီးငယ်ရယ်.....အိပ်ပါတော့ကွယ်......ကြောင်ကြီးကိုက်လိမ့်မယ် 🎶

သမီးကိုချော့သိပ်ပြီးဆည်းဆာအခန်းထဲကထွက်လာတော့ဒေါ်လေးနဲ့တိုး၏

''ဆေးခန်းမှာလူနာများလို့လားသမီး''

''ဟုတ်တယ် ဒေါ်လေး....ပြန်ခါနီးမှလူနာထပ်ရောက်လာလို့........''

ရေကရားထဲကရေတစ်ခွက်ကိုဒေါ်လေးငှဲ့ကာကမ်းပေးရင်း...

''ညနေကကဲကဲလေးလာသွားတယ်..မောင်နေရောင်လည်းပါလာတယ်........တုံတုံလေးစကားတတ်လို့သဘောနေကြတာ.......''

ဒေါ်လေးစကားကိုဘာမှပြန်မပြောဘဲနားထောင်နေမိသည်

''ကဲကဲကဆေးတက္ကသိုလ်တက်မယ်တဲ့.....မောင်နေရောင်ကတုံတုံလေးကျောင်းတက်ရင်ကျောင်းစရိတ်သူပေးပါ့မယ်တဲ့....အကြိုအပို့လည်းသူတာဝန်ယူပါတယ်တဲ့...''

မုန်းလိုကမုန်း၍ချစ်လိုကချစ်နိုင်သည်Where stories live. Discover now