အတိတ်

1.1K 80 2
                                    

''ရုပ်ရှင်ရုံမှာကားသစ်လဲတယ်ကြားတယ်ဆည်းဆာ''

''ဘာကားလဲ''

ဆေးကျောင်းသူပီပီ..စာအုပ်ပုံထဲခေါင်းနှစ်နေသောဆည်းဆာကပြန်မေးသည်

''ဒဏ္ဍာရီတဲ့......မေသန်းနုပါတယ်ဟ''

''အာ့ဆိုကြည့်မယ်လေ.......မမကိုလည်းခေါ်လိုက်လေဟာ..ငါတို့နှစ်ယောက်ထဲဆိုပျင်းစရာကြီး''

မြသက်လယ်ကဆည်းဆာရဲ့မွေ့ယာပေါ်လှဲအိပ်ရင်း

''ဒီရက်ပိုင်းမမအိမ်သိပ်မကပ်ဘူး....သူ့သူငယ်ချင်းအိမ်မှာဘဲအိပ်နေလို့ဖေဖေတောင်ဆူနေသေးတယ်...ကိုလတ်ကော..ဘယ်နေ့ရောက်မှာလဲ ''

''ဒီအပတ်ထဲလို့ပြောတာဘဲ.......''

''မမတို့မင်္ဂလာဆောင်ကျငါတို့ပန်းကြဲရအောင်...''

''တကယ်နော်...''

''တကယ်..မမကိုငါပြောလိုက်မယ်''

သာယာနေသောမိသားစုနှစ်ခုထဲကိုမမျှော်လင့်ထားတဲ့လေမုန်တိုင်းတစ်ခုဟာမဖိတ်ခေါ်ဘဲဝင်ရောက်လာခဲ့လေသည်

''မမ..........''

မြသက်လယ်မှာမနက်စာစားရန်အမဖြစ်သူကိုခေါ်ဖို့အခန်းတံခါးဖွင့်လိုက်ချိန်........
အမဖြစ်သူဟာ.....ကြမ်းပြင်ပေါ်မှာလဲကျလျက်..ခန္ဓာကိုယ်အနှံ့မှာလည်းဒဏ်ရာဒဏ်ချက်များပြည့်နေသောဝမ်းဗိုက်တွင်လည်းဓားတစ်ချောင်းစိုက်ဝင်လျက်အသက်ကင်းမဲ့နေ၏

''မမ....မမ....မေမေ...ဖေဖေ....ဒီမှာမမကိုခေါ်လို့မရတော့ဘူး''

သူမရဲ့အသံကြောင့်မိဘတွေလည်းအပေါ်ထပ်ကိုတက်လာကြ၏

''ဟင်....သမီးကြီး.....''

''အံမလေး....သမီး......''

အခန်းဝမှာတင်အရုပ်ကြိုးပျက်မေ့လဲသွားသူဟာမြသက်လယ်တို့ရဲ့မိခင်.....

''မေမေ......''

တစ်နေ့ထဲမှာတင်အမေနဲ့အမကိုတပြိုင်နက်ထဲဆုံးရှုံးခဲ့ရသောခံစားချက်ကရင်ကိုအက်ဆစ်နဲ့လောင်းချခံရတာထက်အဆတစ်ရာလောက်နာကျင်ရသည်

''ဆည်းဆာကိုအမှန်တိုင်းပြောကိုလတ်..အဲ့ညကကိုလတ်နဲ့မမ...မမအခန်းထဲမှာစကားများကြတာအကုန်လုံးသိတယ်.....မမကို....ကိုလတ်သတ်လိုက်တာလား....''

မုန်းလိုကမုန်း၍ချစ်လိုကချစ်နိုင်သည်Where stories live. Discover now