'ဘယ်လိုနေလဲ''
အဖြူရောင်ဂါဝန်ရှည်ကြီးဝတ်ထားတဲ့အမျိုးသမီးကမေးလျှင်..ဧသာန်ကလက်ထဲကနှင်းဆီဖြူလေးကိုအမျိုးသမီးရဲ့နားသယ်ကြားညှပ်ပေးရင်း
''သိပ်ကိုလှတာပေါ့......''
အနက်ရောင်suitဟာ..ဧသာန်နဲ့အတော်ကြည့်ကောင်းပါသည်...နီညိုညိုဆံပင်တွေကိုအနောက်ကနေစုစည်းထားတာကြောင့်မျက်နှာလေးကထင်းနေလေသည်...
''အိမ်မက်တစ်ခုအဆုံးသတ်ခြင်းပေါ့နော်အမျိုးသမီး''
''ရှင်''
''ဟုတ်တယ်လေ အမျိုးသမီးကိုပိုင်ဆိုင်ခွင့်ရဖို့အမြဲတမ်းအိမ်မက်မက်နေခဲ့ရတာ....အခုတော့လက်တွေ့ဖြစ်လာပြီ......ကျုပ်ဘယ်လောက်ပျော်နေလဲသိလား....''
လက်တဖက်ကိုဆုပ်ကိုင်ကာတယုတယနမ်းရှိုက်တော့ပြုံးရသူဟာဆည်းဆာ.....
''အဲ့တာမင်းအမေကိုကျေးဇူးတင်ရမှာ.....မြလေးသာတို့ကိုခွင့်မလွှတ်ခဲ့ရင်ဒီလိုဖြစ်လာမှာမဟုတ်ဘူး''
''မေမေ့ကိုရော..အမျိုးသမီးရောကျေးဇူးတင်ရမှာ
....''''ဘာလို့လဲ''
''ကျုပ်ဆီပြန်လာပေးခဲ့တဲ့အတွက်လေ....ကျုပ်သတို့သမီးဖြစ်ပေးတဲ့အတွက်''
လွန်ခဲ့သောတစ်ပတ်ခန့်
ဧသာန်သတိပြန်လာပြီဖြစ်သော်လည်းမေမေကအမျိုးသမီးကိုမကြည်သေးပါ...မတတ်သာလို့ဆေးရုံကိုပေးလာနေရပုံပင်...
''အန်တီမြသက်လယ်လားမသိ''
အမျိုးသမီးdutyကျလို့ပြန်သွားတဲ့အချိန်..မေမေနဲ့ဧသာန်နှစ်ယောက်ထဲအခန်းထဲရှိနေချိန်ဝင်လာသူကဧသာန့်ထက်အသက်နည်းနည်းကြီးပုံရတဲ့လူတစ်ယောက်
''ဟုတ်ပါတယ် ဒါနဲ့သားကဘယ်သူများလဲ''
''ကျွန်တော့်နာမည် မိုးမြင့်နိုင် ပါ.....ကျွန်တော့်ဖေဖေနာမည်က..မိုးလင်းသူ ပါ''
''အော်..ကိုမိုးသားဘဲ.....သားမိဘတွေရောအခုဘယ်မှာနေကြလဲကွဲ့..နေလို့ရောကောင်းကြရဲ့လား''
''မေမေကတော့ဆုံးသွားပါပြီ....ဖေဖေကတော့အခုဘန်ကောက်မှာပါ........''
YOU ARE READING
မုန်းလိုကမုန်း၍ချစ်လိုကချစ်နိုင်သည်
Random''ကမ္ဘာနှစ်ခြမ်းကွဲရင်တောင်ဆက်ရှိနေမှာဘာလဲသိလား'' ''ဘာလဲ' ''ခင်ဗျားကိုချစ်တဲ့မောင့်အချစ်တွေပေါ့'' sweet🍬