ဒါပါနဲ့ဆိုဆည်းဆာဧည့်ခန်းထဲလမ်းလျှောက်နေတာအခါ၂၀ရှိပြီ......
နာရီကိုကြည့်တော့ ၁၁နာရီကျော်နေပြီ......
ပြန်မလာသေးတဲ့သူကြောင့်ဒေါသကငယ်ထိပ်ကိုရောက်ရှိနေသည်.....
. ''တီတီ...''
ကားသံကြောင့်လှမ်းကြည့်လိုက်တော့သူပါဘဲ....
''အမျိုးသမီး...မောင့်ကိုစောင့်နေတာလား...အိပ်နှင့်တာမဟုတ်ဘဲနဲ့''
ပခုံးကိုကိုင်ဖို့လုပ်တော့
''မထိနဲ့.....ဒီချိန်ထိအပြင်မှာဘာလုပ်နေတာလဲ''
''ညစာစားပွဲမှာစကားကောင်းနေလို့ပါ...''
ချက်ချင်းဧသာန့်အင်္ကျီစကိုဆွဲကာအနံ့ခံနေပြန်သည်
''သောက်လာတာဘဲ....''
ဘာမှထပ်မပြောတော့ဘဲ အခန်းထဲဝင်သွားသည်
သေချာတယ်...ကောက်သွားပြီ''မေ့...''
ဆည်းဆာတဖက်ကိုကျောပေးကာလှဲနေတုန်းကျောပြင်ကိုလာထိတဲ့လက်သေးသေးလေး...
''သမီး..မအိပ်သေးဘူးလား''
''ဒယ်ဒယ်ကပြောရယ်....ချိတ်ချိုးပါနဲ့တဲ့''
ဟွန့်...ကလေးကိုကြားခံလုပ်ပြီးလာချော့နေတာဘဲ
''ဆိုးမှာဘဲလို့သွားပြန်ပြောလိုက်သမီးဒယ်ဒယ်ကို''''ဟုတ်''
ခြေထောက်တိုတိုလေးတွေနဲ့ခုတင်ပေါ်ကခုန်ဆင်းကာအခန်းဝကစောင့်နေသူထံပြေးသွားပြန်သည်
''ဒယ်ဒယ်...မေ့ကပြောရယ်..ချိုးမှာဘဲတဲ့''
''ဒယ်ဒယ့်ကိုမသနားဘူးလားလို့သမီးမေမေကိုသွားပြောလိုက်ပါအုံး''
တုံတုံလေးကအခန်းထဲကသူ့အမေဆီပြေးသွားပြန်သည်
''မေ့...ဒယ်ဒယ်က...သနားဘူးလားတဲ့...''
''မသနားပါဘူးလို့သွားပြန်ပြောလိုက်သမီး''
လေးငါးခေါက်လောက်ပြေးလွှားလိုက်ရတော့သမီးကစိတ်ညစ်လာပုံရပါသည်.....
ကြမ်းပေါ်ထိုင်ချကာအော်ငိုတော့သည်''ဖိုးဖိုးရေ...ဖွားဖွားရေ......မီးမီးကိုနိုင်ကြားနေကြရယ်...''
YOU ARE READING
မုန်းလိုကမုန်း၍ချစ်လိုကချစ်နိုင်သည်
Random''ကမ္ဘာနှစ်ခြမ်းကွဲရင်တောင်ဆက်ရှိနေမှာဘာလဲသိလား'' ''ဘာလဲ' ''ခင်ဗျားကိုချစ်တဲ့မောင့်အချစ်တွေပေါ့'' sweet🍬