ရွေးချယ်မှုကိုယ်စီ

1.5K 106 6
                                    

ဧသာန်ပြန်ကောင်းလာပြီဖြစ်သော်လည်းနှလုံးသားကမကျန်းမာသေးချေ...အကြောင်းမှာ...အမျိုးသမီးဆီကဘာအဆက်အသွယ်မှမရလို့ဖြစ်၏...
ကြယ်မိုးပြောတုန်းကတော့..ဧသာန်သတိပြန်ရလာတဲ့နေ့ထိအမျိုးသမီးနဲ့ဆက်သွယ်လို့ရသေးတယ်တဲ့...
ဒါဆိုအခုမှဘာဖြစ်သွားတာလဲ.........
အမျိုးသမီးဆီဖုန်းခေါ်တိုင်းလူကြီးမင်းနဲ့ဘဲတိုးနေရတာအကြိမ်ကြိမ်......

''သမီး.....မေမေကြက်စွတ်ပြုတ်လေးလုပ်လာတယ်..အရင်စားလိုက်အုံး...''

မေမေ့ရဲ့အပြုမူတွေကတစ်ခုခုပြောစရာရှိနေတဲ့ပုံပင်

''မေမေ''

'ပြောလေသမီး''

'မြန်မာပြည်ပြန်ရောက်ရင်ဧသာန့်ချစ်သူနဲ့မိတ်ဆက်ပေးမယ်လေ...''

''ဟင်....''

''ဒေါ်ဆည်းဆာရိပ်သွင်နဲ့''

မေမေလက်ခံပေးနိုင်မှာပါ.....တခြားမိန်းကလေးတွေနဲ့Dateတုန်းကတောင်နားလည်ပေးခဲ့တာဘဲ....

''မေမေ...သဘောမတူဘူးသမီး''

တင်းမာသွားတဲ့မေမေ့ရဲ့မျက်နှာ......

''မေမေ'

''တခြားတစ်ယောက်ပြောင်းလိုက်''

''ဘယ်လိုဖြစ်နိုင်မှာလဲ...... .......ဧသာန်ချစ်တာ
ဒေါ်ဆည်းဆာရိပ်သွင်လေမေမေရာ....''

''မေမေလုံးဝသဘောမတူဘူး....''

''အကြောင်းပြချက်ကဘာလဲမေမေ..''

''မေမေကွန်ဒိုမှာသမီးတွက်အဝတ်အစားကျန်ခဲ့တာသွားပြန်ယူလိုက်အုံးမယ်''

မေမေကဘာဖြေရှင်းချက်မှမပေးဘဲအခန်းထဲကထွက်သွားသည်.......

''ကြယ်မိုး...ငါသတိမေ့နေတုန်းကတစ်ခုခုဖြစ်သွားတာလား''

အခန်းထောင့်မှာရှိနေသောကြယ်မိုးကိုလှမ်းမေးတော့....

''ငါပြောပြမယ်''

မေမေနဲ့အမျိုးသမီးကြားကပြဿနာတွေအစုံအလင်ကိုကြယ်မိုးကဇာတ်ကြောင်းလှန်သည်.

''ငါတောင်မနေ့ကမှအန်ကယ်ပြောပြလို့သိရတာ''

''ဒါကြောင့်..အမျိုးသမီးငါ့ကိုရှောင်နေတာလား...စောက်ရေးမပါတာတွေကွာ.....''

မုန်းလိုကမုန်း၍ချစ်လိုကချစ်နိုင်သည်Where stories live. Discover now