အချစ်ကိုရရန်ကြိုးစားခြင်း-4

1.5K 104 6
                                    

''ဒီရက်ပိုင်းအိမ်သိပ်မကပ်သလိုဘဲနော်သမီး''

မနက်စားစားပွဲမှာဝင်ထိုင်လိုက်သည်နှင့်ဖေဖေကဆို၏...ဟုတ်ပါရဲ့...သီချင်းသစ်ကိစ္စ...အမျိုးသမီးကိုပိုးရပန်းရနဲ့ဧသာန်အိမ်မှာရှိတာအတော်ရှားပါသည်

''studioမှာသီချင်းသစ်တွက်နည်းနည်းရှုပ်နေလို့ပါ''

''ဖေဖေ့သဘောဆိုရင်..သမီးကို...ကုမ္ပဏီမှာအလုပ်ဝင်စေချင်တယ်.....နောင်တချိန်မှာသမီးကဖေဖေ့နေရာကိုဉီးစီးရမဲ့လူဆိုတော့ကုမ္ပဏီနဲ့ပတ်သက်သမျှကိစ္စတိုင်းကိုသမီးနားလည်ထားသင့်တယ်''

မေမေလာချပေးသောအုန်းနို့ခေါက်ဆွဲကိုတဇွန်းခပ်စားကာ..

''ဒီတဖြတ်ပြီးရင်ဧသာန်တတိယနှစ်ပြီးပြီဖေဖေ..အဲ့ကျဖေဖေ့ကုမ္ပဏီမှာဝင်မယ်လေ''

''ဟုတ်ပြီ..ဒါဆို..ဖေဖေ့သမီးတွက်ရုံးခန်းကြိုပြင်ထားပေးမယ်....ဒါနဲ့...သမီးဖွားဖွားကြီးကိုသွားတွေ့လိုက်ပါအုံး.......ဟိုနေ့တည်းကသမီးကိုမေးနေတာ''

''ဟုတ်ဖေဖေ..ဧသာန်သွားတွေ့လိုက်မယ်''

''ကဲ...ဒီသားဖတွေတော့.. မနက်စာစားမှာဖြင့်အေးဆေးမစားဘူး.......ခေါက်ဆွဲတွေပွကုန်မယ်''

မေမေ့စကားကြောင့်နှစ်ယောက်သားပခုံးတွန့်ပြကာခေါက်ဆွဲကိုသာဆက်စားရသည်...
ဖေဖေက..TKPလုပ်ငန်းစုရဲ့CEOဖြစ်သည့်တိုင်.....အိမ်မှာတော့မေမေ့ကိုကြောက်ရပါသည်.....

''အန်တီသက်...''

အိမ်ထဲဝင်လာသူဟာ..ဧသာန့်ဉီးလေးအဓိပတိဖွားရဲ့မွေးစားသမီးဖြစ်သူ.....လီလီ ခေါ်..ရွှေသဏ္ဍာန်ဖွား..

''မမလည်းရှိနေတာဘဲ..,..''

''တစ်ခါထဲဝင်စားသွားလေသမီး.....ဧသာန်...ညီမလေးကိုထည့်ပေးလိုက်အုံး''

မေမေကလှမ်းပြောတော့ဧသာန်.ဘေးကပန်းကန်အလွတ်ကိုယူကာ...ခေါက်ဆွဲထည့်...အုန်းနို့ရည်
ထည့်နဲ့လုပ်ပေးရသည်

''သက္ကရာဇ်တစ်ယောက်ကော......မမနွယ်နဲ့အခုထိစိတ်ဆိုးနေတုန်းဘဲလား''

''ဆိုးနေတုန်းဘဲ..မာမီကလည်းပြန်မခေါ်ဘူး..ကိုကိုကလည်းပြန်မလာဘူး...''

မုန်းလိုကမုန်း၍ချစ်လိုကချစ်နိုင်သည်Where stories live. Discover now