တူနှစ်ကိုယ်မိသားစုလေး-1

1.7K 90 0
                                    

''မောင်.....''

လက်ထပ်ပြီးတော့..အဲ့ဒီ့မောင်ဆိုတဲ့နာမ်စားလေးနဲ့အခေါ်ခံရဖို့အတွက်ဧသာန်မနည်းဂျီကျလိုက်ရသေးသည်....

''အမျိုးသမီး''

''မောင်အခုမှပြန်လာတာလား''

အသံမထွက်အောင်ခြေကိုဖွဖွနင်းဝင်လာသော်လည်းအအိပ်ဆတ်တဲ့အမျိုးသမီးကနိုးသွားချေပြီ...

''ဟုတ်..ခင်ဗျားနိုးသွားတာလား''

''အိပ်နေတာမှမဟုတ်တာ...''

''အမ်...''

''စောင့်နေတာလေ....''

ပြောရင်းနဲ့ ထထိုင်လိုက်သောအမျိုးသမီး.....ဆံနွယ်တွေကပိုကရိုဖြစ်နေတာတောင်လှနေတာပါလားဗျာ

''ပြောပါအုံးမောင့်အမျိုးသမီးရဲ့.....မအိပ်ဘဲစောင့်နေတာ...''

ပခုံးကိုအသာအယာဆွဲဖက်ကာမေးလိုက်တော့အမျိုးသမီးကခဏဟုဆိုကာခုတင်ဘေးကအံဆွဲလေးကိုဖွင့်ပြီးတစ်ခုခုသွားယူလာ၏..

''ဒီမှာ''

''ဘာကြီးလဲ''

လက်ထဲထည့်ပေးလာသောအဖြူရောင်ကိရိယာလေးကိုအထူးအဆန်းကြည့်နေမိသည်...

''ဆီးစစ်တံလေ''

''အဲ့တာကဘယ်မှာသုံးရတာလဲ'(

တုံးအနေသောသူ့ကိုမျက်စောင်းတချက်ထိုးကာ

''နေ့လည်ကလေ........''

''ဆက်ပြောလေ....နေ့လည်ကဘာဖြစ်လို့လဲ...''

''ဟိုဟာ......မူးလဲ....''

''ဘာ...မူးလဲသွားတယ်..ဘယ်သူလဲ..အမျိုးသမီးလား....ဆရာဝန်မခေါ်ဘူးလား.....ဖေဖေတို့ကလည်းကွာ...ဒီလောက်ဖြစ်နေတာကိုဖုန်းတချက်မဆက်ဘူး...အခုကော...ဘယ်လိုနေသေးလဲ.....မဖြစ်သေးပါဘူး မောင်တို့မနက်ဖြန်ဆေးရုံသွားကြရအောင်''

ထင်ရာတွေဇွတ်ပြောနေသောဧသာန်
ကြောင့်...ဆည်းဆာမှာဘယ်ကနေလိုရင်းကိုစပြောရမလဲတောင်မေ့ရသည်....

''ပြောတာကိုအရင်နားထောင်အုံးလေ..တကယ်ထဲမှဘဲ''

စိတ်ကောက်မဲ့အရိပ်အယောင်တွေသမ်းလာသောအခါဧသာန်ဖွားတို့ကနေမတတ်ထိုင်မတတ်ဖြစ်ရပြီ...

မုန်းလိုကမုန်း၍ချစ်လိုကချစ်နိုင်သည်Wo Geschichten leben. Entdecke jetzt