အတိတ်သို့

1.2K 83 2
                                    

''ဘာ.....သူ.....accident ဖြစ်လို့..ဟုတ်လား ''

Dutyကထွက်လာချင်း..သူ့သူငယ်ချင်းဆီကဝင်လာခဲ့တဲ့ဖုန်းကြောင့်...ဆည်းဆာရဲ့ကမ္ဘာဟာပြိုလဲသွား၏

'သူ့အခြေနေဘယ်လိုရှိလဲဟင်''

''အခုထိတော့ ICUထဲမှာဘဲ.....ဘယ်သူမှဝင်တွေ့လို့မရသေးဘူး......''

မဖိတ်ခေါ်ဘဲကျလာတာကမျက်ရည်.........

''ကျွန်မလာခဲ့ချင်တယ်...သူ့ကိုဘယ်ဆေးရုံမှာ...''

''Royalမှာ''

ဆည်းဆာ..သူရှိနေမဲ့ဆေးရုံဆီရောက်လာခဲ့သည်...

''အန်တီရောက်လာပြီလား''

''သူ...သူရော....''

ကြယ်မိုးကသက်ပြင်းချကာ...

''အခုထိသတိမလည်သေးပါဘူး...အန်တီတွေ့ချင်ရင်ခေါ်သွားပေးပါ့မယ်''

မှန်တဆင့်ခြားနေသောသူနဲ့ဆည်းဆာ.....

''ဟင်အင်း......ဒီလိုပုံစံမျိုးနဲ့တော့မင်းကိုမတွေ့ချင်ဘူး......မင်းကသန်မာပြီးသားဆို....တို့ကိုကာကွယ်ပါ့မယ်ဆို...''

Oxygen ပိုက်အပြင်တခြားဆေးပိုက်များစွာကသူ့ခန္ဓာကိုယ်အနှံ့နေရာယူထား၏....

'ခွဲစိပ်တာအောင်မြင်ပေမဲ့....သတိမလည်လာသေးဘူး.....ဆရာဝန်ကြီးကတော့နောက်နှစ်ရက်နေလို့မှသတိမလည်ရင်ဆေးထပ်စစ်ဖို့ပြောထားတယ်...''

'ဒီက...ဘယ်သူများလဲ''

ရုတ်တရက်နောက်ကျောဘက်ကထွက်လာတဲ့အသံ
လှည့်ကြည့်လိုက်တော့

''ဟင်...''

''ဆည်းဆာရိပ်သွင် ''

''မြသက်လယ်''

၁၆နှစ်နီးပါးကြာပြီးတာတောင်မပြေနိုင်သေးတဲ့အမုန်းတရားနဲ့အာဃာတတွေ........

''နင်ဒီကိုဘာကိစ္စနဲ့လာတာလဲ''

လက်ကိုင်အိတ်ကိုခပ်တင်းတင်းကိုင်လိုက်ရင်းအံကျိတ်ကာမေးလာသောမြသက်လယ်....

''ငါ့ချစ်သူဆီလာတာ''

ဒေါသရောင်တွေတောက်နေသောမျက်ဝန်းတစ်စုံနဲ့ပြန်ဖြေသူဟာ..ဆည်းဆာ....

သူမတို့နှစ်ယောက်ဟာတချိန်ကညီမရင်းချာလိုခင်တွယ်ခဲ့တဲ့သူငယ်ချင်းနှစ်ယောက်တဲ့လား

မုန်းလိုကမုန်း၍ချစ်လိုကချစ်နိုင်သည်Where stories live. Discover now