အချစ်ကိုရရန်ကြိုးစားခြင်း-2

1.3K 92 3
                                    

နေ့ရက်များတွင်ဧသာန့်တွက်အလုပ်တစ်ခုရလာ
သည်စျေးသွားစျေးပြန်အကြိုအပို့ပင်....
ဒါပေမဲ့သူမကနေ့တိုင်းမလာပေ...တစ်ခါတလေ..သူမရဲ့အဒေါ်လိုလိုအမေလိုလိုထင်ရသောကြီးတော်တစ်ယောက်သာလာသည်......

''ကျုပ်အပိုင်....''

ခြံထဲကနေထွက်လာတဲ့အမျိုးသမီးကိုတွေ့တာနဲ့ကားပေါ်ကဆင်းလိုက်သောဧသာန်.....
ခြေထောက်တွေကအမျိုးသမီးနဲ့ကျမှသိပ်ကိုခစားချင်နေတာ....

''မင်း....''

တင်းတင်းစေ့သွားတဲ့နှုတ်ခမ်းလွှာ.......မျက်ဝန်းတွေကခပ်စူးစူး...........အပွဲပွဲနွှဲလာသမျှ..အမျိုးသမီးရဲ့အကြည့်မှာတင်ဒူးထောက်နေရတာ.......

''ဟုတ်ပါတယ် ခင်ဗျားရဲ့မင်း...''

ပြောရင်းရဲ့အရှေ့ကပိတ်ရပ်တော့..

''အို...ဖယ်စမ်းပါ.........ဆေးရုံသွားစရာရှိတယ်''

duty coatအဖြူရောင်လေးကိုလက်တဖက်ကကိုင်လျက်....လက်ကိုင်အိတ်ကိုသိုင်းလွယ်ထားတဲ့..အပြာရောင်ဝမ်းဆက်နဲ့အမျိုးသမီးကမျက်စိအေးဖွယ်အတိ......ဆံနွယ်တွေကိုခပ်နိမ့်နိမ့်ထုံးထား၏

''ကျုပ်လိုက်ပို့မယ်''

လက်တဖက်ကိုဆုပ်ကိုင်လျှင်ချက်ချင်းပြန်ရုန်း၏
အထိမခံတာလေးကချစ်စရာ

''မလိုဘူး''

''လိုက်ခဲ့လို့ခေါ်နေတာမဟုတ်ဘူး....လိုက်ပို့မယ်လို့ပြောနေတာ....တက်....''

ကားတံခါးကိုဖွင့်ကာအတင်းတက်ခိုင်းနေသောထိုသတ္တဝါလေးကို..ဆည်းဆာနားမလည်နိုင်ပါ...
နောက်ဆုံးတော့ ဆည်းဆာဘဲအလျော့ပေးကာကားပေါ်တက်ရသည်.....

''ဘယ်ကိုမောင်းရမလဲ''

''ပြည်သူ့ဆေးရုံ...''

''ok....''

မျက်စိတဖက်မှိတ်ရင်းပြန်ပြောလာတဲ့သူ့ပုံစံကတမျိုးလေးရယ်.......
အဝါနုရောင်ရှပ်အင်္ကျီလက်တိုကိုရင်ဘတ်ကြယ်သီးအစေ့မတပ်ထားကြောင့်ဖြူဉနေသောညှပ်ရိုးကိုမြင်နေရ၏........ယောကျာ်းမဆန်သော်လည်းမိန်းကလေးပုံစံတော့ပေါက်မနေ......
လူထူးဆန်းလေးဘဲ.....

ဆေးရုံရှေ့တွင်ကားရပ်တော့....သူကဆည်းဆာရဲ့လက်တဖက်ကိုဖမ်းဆွဲကာ..

မုန်းလိုကမုန်း၍ချစ်လိုကချစ်နိုင်သည်Onde histórias criam vida. Descubra agora