CHAPTER-1

369 13 0
                                    

'Shadow'

*တီ တီ တီ တီ*

"ဟာ ကျစ် စောစောစီးစီးအဲ့နှိုးစက်က မြည်နေပြန်ပြီ"

*ခွမ်း*

မနက်လင်းထဲက ပစ်ပေါက်ခံလိုက်ရတဲ့ နှိုးစက်လေးကတော့ ဆောင်းဟန်ဘင်းလက်ချက်ကြောင့် နံရံထောင့်မှာတစ်စဆီ

*ဒေါက် ဒေါက် ဒေါက်*

တံခါးခေါက်သံကြားပြီးမကြာ အခန်းထဲကိုတစ်ယောက်ယောက်ဝင်လာသံကို ဟန်ဘင်းကြားလိုက်သည်

"သားရေ ဟန်ဘင်းမထသေးဘူးလား အောက်မှာဟာအိုလေးရောက်နေပြီလေကွယ်"

"အဲ့လူကဘာလာလုပ်ပြန်ပြီလဲ မေမေရာပြန်တော့လို့ပြောလိုက်"

"ဟဲ့ ဒီကလေးနှယ် ဟာအိုလေးကမင်းနဲ့တူတူ ကျောင်းသွားချင်လို့နေမှာပေါ့"

"မသိဖူးဗျာ"

"မသိလို့မရဖူး ခုထဆောင်းဟန်ဘင်း မေမေနှစ်ခါမပြောချင်ဖူးနော် ထပ်ပြောရရင်မင်းကိုမေမေရိုက်တော့မယ်"

"ပြီးရောဗျာ ထပြီ ထပြီ"

"မြန်မြန်လုပ် ဟိုကစောင့်နေရှာတာကို"

"ဘယ်သူကသားအရင်းမှန်းတောင်မကွဲချင်တော့ဖူး"

"ငါကြားတယ်နော်"

ကြားလည်းကြားပေါ့ အဲ့လူကလေ တစ်နေ့တစ်နေ့အိမ်ကိုချောင်းပေါက်မတတ် ဘာလာလာလုပ်မှန်းကိုမသိတာ မိုးမလင်းသေးဖူးရောက်လာပြီ အမြင်ကိုကပ်တယ်

_______

ဟန်ဘင်းလည်းရေချိုးပြီးတာနဲ့ ကျောင်းသွားဖို့အောက်ထပ်ဆင်းလာလိုက်တယ်
အောက်ရောက်တာနဲ့မြင်ရတာက ထိုလူ့မျက်နှာ ကိုယ့်ကိုလာပြုံးပြနေသေးတယ် ပြန်မပြုံးပြချင်တာနဲ့ မသိချင်ယောင်သာဆောင်လိုက်သည်

"ဟန်ဘင်းနိုးပြီလား"

"ဟ နိုးလို့မြင်နေရတာပေါ့ ဘာတွေလာမေးမှန်းမသိဖူး"

"အင်းပါ ဟန်ဘင်းရယ် မနက်စာစားမယ်မှတ်လား တူတူစားချင်လို့စောင့်နေတာ"

"ခင်ဗျားအိမ်ကခင်ဗျားကို ဘာမှမကျွေးဖူးလား"

"ဟင် ဘာလို့လဲ"

SHADOWWhere stories live. Discover now