CHAPTER-7

187 12 0
                                    

'Shadow'

ဟန်ဘင်းနဲ့စတွဲထဲက ဟာအို့ရဲ့မျက်နှာလေးဟာ အရင်ကလိုထိုင်းမှိုင်းမနေဘဲ တောက်တောက်ပပလေးပြန်ဖြစ်လာပြီဖြစ်သည် ဖြစ်ဆို ဆောင်းဟန်ဘင်းကသူ့ကိုတကယ်အများကြီးဂရုစိုက်တာကို နေ့တိုင်းလည်းလာလာတွေ့တယ်၊မုန့်လည်းတူတူသွားစားတယ်၊သူ့dance clubကိုလည်းခဏခဏခေါ်သွားတယ်၊တစ်ခါတစ်ရံအိမ်ကိုပါခေါ်သွားတတ်တာမို့ ကျန်းဟာအိုတို့ပျော်နေတာမဆန်းတော့ပါဘူး

ခုလည်းတွေးနေရင်း မပြေးရုံတမယ် လမ်းကိုခပ်မြန်မြန်လျှောက်ရင်း သူ့ဆီကိုလာနေတဲ့ဟန်ဘင်းကိုလှမ်းမြင်နေရပြီမို့ ဟာအိုနှုတ်ခမ်းစွန်းနှစ်ဖက်က အပေါ်ကိုသိသိသာသာတက်သွားသည်

"ကျန်းဟာအိုလေးစောင့်နေတာကြာပြီလား ကျွန်တော်နာရီမကြည့်မိလို့ နည်းနည်းနောက်ကျသွားတာရယ် စိတ်မဆိုးဖူးမှတ်လား"

ဆောင်းဟန်ဘင်းတို့ကအဲ့လိုပါဆို စိတ်မဆိုးဖူးမှတ်လားဆိုတာ ဆိုးလည်းမချော့ဖူးဆိုတဲ့အဓိပ္ပာယ် လူလည်လေးစကားကိုကြိုပိတ်ထားတာ

"ဆိုးလည်းမတတ်နိုင်ဖူးဗျာ ကျွန်တော်တကယ်နာရီမကြည့်မိလို့ပါဆို"

ဟော...၊၊တွေ့လားပြောပါတယ် တကယ့်လူလည်လေး

"မဆိုးပါဖူး ငါရောက်နေတာလည်းသိပ်မကြာသေးဖူး ဟန်ဘင်းဘာစားမလဲ အကဆက်တိုက်လေ့ကျင့်ထားရတော့ ငါ့ကောင်လေးပင်ပန်းနေရှာမှာ နို့အေးသောက်မလား"

"ဟ နို့အေးသောက်ရအောင်ကျွန်တော်က ကလေးလားဗျ တော်ပြီမသောက်ဖူးဘာမှ ခုကပြောစရာရှိလို့လာတာ"

"အင်းပြောလေ"

ဟာအိုကစားပွဲပေါ်မှာတင်ထားတဲ့ ဖန်ခွက်ထဲမှအဖြူရောင်အရည်တစ်ချို့ကိုပိုက်ဖြင့်တစ်ချက်စုတ်သောက်ရင်း ပြန်ပြောလာသည်မို့ ဟန်ဘင်းရယ်ချင်ပက်ကျိဖြစ်သွားရသည်
တကယ့်ကလေးခုချိန်ထိ နို့အေးသောက်နေတုန်းတဲ့ သူ့ဘာသာသောက်တာအားမရလို့ ကိုယ့်ကိုပါအဖော်လာညှိနေတယ် ဒါမျိုးကိုတော့ဟန်ဘင်းတို့ကဆောရီးဘဲ cool guy imageပျက်အောင်ဒီကကောင်ကနို့အေးသောက်စရာလား ဆောင်းဟန်ဘင်းဆိုတာအယ်ကိုဟောလ်လောက်မှစိတ်ဝင်စားတာ

SHADOWWhere stories live. Discover now