CHAPTER-11

188 10 2
                                    

'Shadow'

ဂယူဗင်းသူ့ရှေ့မှာကျုံ့ကျုံ့လေးထိုင်နေတဲ့ ဟန်ယူဂျင်းဆိုတဲ့ကလေးကိုသာ စူးစိုက်ပြီးကြည့်နေမိတယ် မနက်စောစောထဲကဘာတွေပြောမှန်းမသိ မဖြစ်နိုင်တဲ့အကူအညီတွေလာတောင်းနေတဲ့ ဒီကလေးစုတ်ကိုဘာပြောရမှန်းမသိဖြစ်နေခြင်းဆို ပိုမှန်မယ်ထင်

"ဟို ကိုကို"

သူ့ရှေ့ကကလေးကသူစိုက်ကြည့်နေတာကို နေရခက်လာလို့ထင် မဝံ့မရဲနဲ့စကားစပြောလာသည်

"မင်းကအိမ်ခြေရာမဲ့လား?"

"မဟုတ်ပါဖူးကိုကိုရဲ့ ယူဂျင်းမှာအိမ်ရှိပါတယ်"

"အဲ့တာဆိုလည်းကိုယ့်အိမ်ကိုယ်ပြန်လေ ဘာလို့ငါကမင်းကိုငါ့အိမ်ပေါ်မှာခေါ်ထားရမှာလဲ ကွိုင်ဘဲ"

"ယူဂျင်းအိမ်မပြန်ချင်ဖူး"

"ဟ မင်းအိမ်မပြန်ချင်တိုင်း ငါ့အိမ်မှာလာကပ်နေလို့ရမလား"

"ဟို ယူဂျင်းကိုကို့ကိုသိပါတယ် စီနီယာဟန်ဘင်းရဲ့သူငယ်ချင်းမှတ်လား"

ဆောင်းဟန်ဘင်းတို့ဘယ်လောက်လူကိုစိတ်ဒုက္ခတွေပေးထားလဲဆိုတာ သူ့နံမည်ကိုကြားရုံနဲ့တင်ခေါင်းတွေပါကျိန်းလာတာ

"အဲ့တော့ဘာဖြစ်လဲ"

ကိုက်လာတဲ့ခေါင်းကိုပြေလျော့ဖို့ နားထင်ကိုလက်နဲ့တစ်ချက်ဖိချေလိုက်မိသည်

"ညကကိုကိုအရက်တွေသောက်ထားတာဆိုတော့ ခေါင်းကိုက်လို့လားဟင် ယူဂျင်းပျားရည်ဖျော်ပေးမယ်လေ ဘယ်မှာထားလဲပြပါလား"

"မလိုဖူး ငါခေါင်းကိုက်တာမင်းကြောင့်ဘဲ မင်းခုချက်ချင်းငါ့အိမ်ထဲကထွက်သွားမှသက်သာမှာမို့ ထွက်သွားပေးပါလား"

"ဟင့်"

ဟင့်ခနဲငိုရှိုက်လာသည်မို့ ကြည့်လိုက်တော့ငိုနေပြီ သူကဘာလုပ်ရသေးလို့ငိုနေပြန်တာလဲ မသိရင်ဒီကကောင်ကဘဲသူ့ကိုအနိုင်ကျင့်နေသလိုလိုနဲ့ လာငိုနေတယ်

"ဟေး အကောင်ပေါက်လာငိုမနေနဲ့ ငါဘာပြောရသေးလို့လာငိုနေတာလဲ"

"ကိုကိုက ယူဂျင်းကိုအော်တယ် နှင်ထုတ်တယ်"

"ဟ ငါ့အိမ်ပေါ်ခွင့်ပြုချက်မရှိဘဲလာတက်နေတဲ့လူကိုငါကချိုချိုသာသာနဲ့ပြောရမှာလားကွ"

SHADOWWhere stories live. Discover now