CHAPTER-10

154 10 0
                                    

'Shadow'

နေရောင်အနည်းငယ်ကဟာအို့ရဲ့မျက်နှာနုနုပေါ်သို့ခုန်ချဆင်းသက်လို့လာတဲ့အချိန်မှာတော့ ဟာအိုမျက်လုံးစူးစွာမျက်မှောင်ကိုကြုတ်ပစ်လိုက်မိသည်

"ဟန်ဘင်း ဟန်ဘင်း ငါအိပ်ချင်သေးလို့လိုက်ကာလေးပိတ်ပေးပါအုံး"

မနက်မိုးလင်းရင်ကလေးတစ်ယောက်ကအမေကိုတဆာဆာအော်ခေါ်နေသလိုမျိုး ဟန်ဘင်းကိုအော်ပြောရင်း ဆက်အိပ်ဖို့ကြံလိုက်သော်လည်း မျက်နှာပေါ်ကျရောက်နေဆဲဖြစ်တဲ့နေရောင်ကြောင့် မျက်လုံးနှစ်လုံးကို မဖွင့်ချင်ဖွင့်ချင်ဖြင့် မရမကဖွင့်လိုက်ရတော့သည်

"ဟန်ဘင်း"

သက်ဆိုင်သူရဲ့နံမည်ကိုခေါ်ရင်း ဘေးဘက်ကိုစမ်းကြည့်လိုက်မိတော့အေးစက်နေတဲ့ အထိအတွေ့သာရသည်မို့ အိပ်ယာပေါ်မှထသွားတာကြာပြီဟုသာ ကောက်ချက်ချလိုက်သည် ဟာအိုလည်းဆက်မအိပ်ပျော်တော့တာမို့ ဟန်ဘင်းကိုသာရှာတော့မည်ဟုတွေးရင်း အိပ်ချင်စုန်မွှားဖြင့်ထကာ အခန်းအပြင်ကိုထွက်လိုက်တော့ ဟန်ဘင်းရဲ့ အရိပ်မျှပင်မတွေ့

"ဟန်ဘင်း ဆောင်းဟန်ဘင်း ဘယ်မှာလဲဟင်"

ပြန်ဖြေမည့်သူမရှိတဲ့ အမည်နာမကိုသာအော်ခေါ်ရင်း ဟာအိုနှုတ်ခမ်းကဆူချင်ချင်ဖြစ်နေပြီဖြစ်သည် ဆောင်းဟန်ဘင်းကမနက်အစောကြီး သူ့ကိုမပြောဘဲ ဘယ်ကိုထွက်သွားပြန်တာလဲ ညကကိစ္စတောင်စိတ်ဆိုးနေသေးတုန်းဟာကို ပြန်လာရဲလာကြည့်ဟုသာစိတ်ထဲ ကြိမ်းဝါးနေမိသည်

*တီ တီ တီ*

တံခါးကိုpasswordနှိပ်သံကြားတာမို့ ဟန်ဘင်းပြန်လာပြီဟုသိလိုက်သည်

"ဟာအို နိုးနေပြီလား"

"နိုးနေပြီပေါ့ မင်းကငါ့ကိုမခေါ်ဘဲဘယ်သွားနေတာလဲ"

"မောင်ကဟာအို အိပ်နေလို့မနှိုးတာပါ မနက်စာလေးသွားဝယ်တာ"

"ဘာဝယ်လာတာလဲ"

"အသင့်စားခေါက်ဆွဲထုတ်လေ"

"ဘာ ဆောင်းဟန်ဘင်းမင်းငါ့ကိုလာရွဲ့နေတာလား"

"မောင်ဘယ်မှာရွဲ့လို့လဲ ဟာအိုရဲ့"

"ငါအဲ့ခေါက်ဆွဲတွေကို မနက်စာအဖြစ်ဘယ်အချိန်ထိစားနေရမှာလဲ တစ်ခါတစ်လေညစာလည်းအဲ့ခေါက်ဆွဲဘဲ"

SHADOWWhere stories live. Discover now