CHAPTER-12

171 12 2
                                    

'Shadow'

"အင့်"

နှုတ်ခမ်းကိုနမ်းလာမယ်ဟုထင်ထားသော်လည်း ပါးမို့ကိုထိကပ်လာတဲ့ဟန်ဘင်းရဲ့နှုတ်ခမ်းပါးကြောင့် ဟာအိုလန့်သွားရကာအင့်ခနဲပင်အသံထွက်လာရသည် မျက်လုံးကိုစုံမှိတ်ထားသော်လည်း အချိန်အတော်တန်ကြာသည်အထိ နှုတ်ခမ်းပေါ်နွေးထွေးသည့် မည့်သည့်တစ်စုံတစ်ရာမှမကျရောက်လာတာကြောင့် မျက်လုံးကိုဖွင့်လိုက်ချိန်မှာ ဟာအို့နှုတ်ခမ်းပေါ်ဖိကပ်နမ်းလာသူကြောင့် မျက်လုံးကိုအတင်းကာရောပြန်လည်မှိတ်လိုက်မိသည်

ဆောင်းဟန်ဘင်းကလူကိုလာကစားနေတဲ့တကယ့်လူဆိုးကောင်ဘဲဟုဟာအိုတွေးရင်းစိတ်ထဲမှဟန်ဘင်းကိုစိတ်ကောက်နေမိသည်

ဟန်ဘင်းဘက်မှအားသွန်ခွန်စိုက်နမ်းရှိုက်နေသော်လည်း ပြန်မနမ်းသည့်အပြင် အခြားသို့အာရုံရောက်နေပုံပေါ်သည့်ကျန်းဟာအိုကြောင့် စိတ်ထဲထောင်းခနဲဖြစ်သွားရကာ ကျန်းဟာအိုရဲ့နှုတ်ခမ်းကိုသွားနဲ့ကိုက်ဖောက်ပစ်လိုက်မိသည်

"အာ့ ဟန်ဘင်း"

နာသွား၍ထင်ရင်ဘတ်ကိုထုရိုက်ကာရုန်းကန်လာသည်မို့ သွေးအရသာငန်ကျိကျိအနည်းငယ်ရနေသော နှုတ်ခမ်းလေးမှခဏဖယ်ခွာလိုက်မိသည်

"ဘာလို့ကိုက်တာလဲလို့ နာလိုက်တာ သွေးတောင်ထွက်နေပြီ ဆောင်းဟန်ဘင်းကတကယ့်လူဆိုးကောင်ဘဲ"

"ဟာအိုကကိုယ်နမ်းနေတဲ့အချိန်ကိုယ့်ဆီမှာမှ အာရုံမရှိနေတာ ကိုယ်ကိုက်မိတာအပြစ်လားပြောပါအုံး"

ဆောင်းဟန်ဘင်းကတကယ်ကိုဘဲ သူ့အပြစ်ကိုကိုယ့်အပြစ်ဖြစ်အောင်ကိုလှည့်ပတ်ပြောပစ်လိုက်တာ

ဟာအိုပြန်ပြောဖို့ကြံတုန်းပြန်လည်ထိကပ်လာပြန်တဲ့နှုတ်ခမ်းတို့ကြောင့် ပြောစရာစကားများဟာလည်ချောင်းဝတင်ရပ်သွားရသည် ဒီတစ်ခါတွင်တော့ကျန်းဟာအိုလေးဟာအခြားအရာကိုမတွေးနိုင်တော့ဘဲ ဟန်ဘင်းရဲ့အနမ်းတွေကိုသာအာရုံစိုက်နေမိသည် ပြောမရဖူးလေတော်ကြာ ဆောင်းဟန်ဘင်းကသူ့နှုတ်ခမ်းတစ်ခုလုံးကိုမြိုချပစ်ရင်ဘယ်လိုလုပ်မလဲ၊၊

SHADOWWhere stories live. Discover now