CHAPTER-2

221 15 0
                                    

'Shadow'

"ဟန်ဘင်း ငါပြောစရာရှိလို့ မင်းဆုံနေကျနေရာကို လာပေးပါလား"

"ကျွန်တော်မအားဖူးဗျ အကပြိုင်ပွဲကြောင့် ဆက်တိုက်လေ့ကျင့်နေရတာ"

"ခဏဆိုရပါပြီ ဟန်ဘင်းရဲ့ ငါအရေးကြီးပြောစရာရှိလို့ပါ"

"အဲ့တာဆိုလည်း အရင်သွားနှင့် လိုက်လာခဲ့မယ်"

ဒီနှစ်အကပြိုင်ပွဲမှာ ဟန်ဘင်းတို့ကျောင်းကပါလာတာမို့ ဟန်ဘင်းတို့မေဂျာမှာ အကတော်တဲ့ ဟန်ဘင်းကမပါမဖြစ်ဖြစ်လာခဲ့သည်
ဒီရက်ပိုင်း ဆက်တိုက်မအားတာမို့ ကျန်းဟာအိုနဲ့တောင် သေချာမတွေ့ဖြစ် ခုတော့ကျန်းဟာအိုကကိုယ်တိုင် ရောက်လာပြီ
ဟန်ဘင်းလည်း အဝတ်အစားလဲပြီးတာနဲ့ ကျန်းဟာအိုနဲ့ဆုံနေကျနေရာဖြစ်တဲ့ coffeeဆိုင်ကိုသာထွက်လာလိုက်သည်

*ကလင် ကလင် ကလင်*

ဆိုင်ထဲကိုတံခါးဖွင့်ပြီး ဝင်လာသံကြားတာမို့ ဟာအိုတံခါးပေါက်ကို လှမ်းကြည့်လိုက်သည်
ဟန်ဘင်းက မျက်နှာမကြည်မသာနဲ့ဝင်လာပြီး သူ့ရှေ့မှာလာထိုင်သည် သူ့ကိုလည်းမမှိတ်မသုန်စိုက်ကြည့်နေသေးသည်
အဓိပ္ပာယ်က ပြောချင်တာဘာလဲပြောဆိုသည့်သဘော

ဟာအိုပြုံးသာပြုံးလိုက်မိသည် ဒီကောင်လေးကတကယ်ကိုကြည့်ကောင်းတာ မျက်မှောင်ကြုတ်ပြီးကြည့်နေတာကအစ လုံးဝကိုအကြည့်မလွဲချင်စရာ

"ခင်ဗျားပြောချင်တာကဘာလဲ မြန်မြန်ပြော ကျွန်တော်ကျောင်းကိုပြန်သွားရမှာ"

ဟာအို့ဘက်ကဘာစကားမှမစလာလို့ထင် စိတ်မရှည်သည့်လေသံနှင့် ဟန်ဘင်းကစပြောလာသည်
ဟန်ဘင်းစိတ်မရှည်တော့တာမို့ ဟာအိုလည်းပြောမည့်စကားကို သတ္တိမွေးပြီး အမြန်ပြောရန်သာ ကြံရွယ်လိုက်သည်

"ဟိုလေ ဟန်ဘင်းရဲ့"

"အင်း"

"ငါပြောချင်တာက မင်းလည်းသိမှာပါ ငါပြောချင်တာကို"

ဒီလူကဘာဖြစ်နေတာလဲ သူပြောချင်တာကိုငါကဘယ်လိုလုပ်သိမှာလဲ အာရုံလာစားနေတယ်

"ဟိုဟာ"

"ဟိုဟိုဒီဒီနဲ့ ခင်ဗျားစကားကရှေ့ကို မရောက်ဖူး လိုရင်းကိုပြော ကျွန်တော်အချိန်မရှိဖူး"

SHADOWWhere stories live. Discover now