CHAPTER-16

207 13 2
                                    

'Shadow'

"ရစ်ခီ  မင်းဟာကဟုတ်မနေတဲ့အစီအစဥ်ကြီး"

"ဟျောင်းကလည်းဗျာ"

"ဟျောင်းကလည်းမဗျာနဲ့ မင်းလုပ်ပုံကဟုတ်လို့လား ထယ်ရယ်ကခုတောင်သေချာပေါက်စိတ်ကောက်နေလောက်ပြီ မင်းကဘာမပြောညာမပြောတစ်ညလုံးအိမ်လည်းမပြန်ဘဲနဲ့"

"ကျွန်တော်လက်ထပ်ခွင့်တောင်းဖို့ပြင်နေတာလေ ဒီနေ့ကကျွန်တော်တို့2နှစ်ပြည့်လေ"

"အေးပေါ့ မင်းအထက်တန်းထဲကထယ်ရယ့်နောက်ကိုတကောက်ကောက်လျှောက်လိုက်နေတာဘဲလေ"

"ဟဲဟဲ ယောက်ဖကလဲ"

"ခုအိမ်ပြန်တော့ ငါ့ညီလေးကိုပျော်အောင်မထားရင်မင်းအသေဘဲ"

"ကျွန်တော်လဲခုဘဲပြန်တော့မလို့ပါ ဟျောင်းလည်းမက်သရူးနဲ့အဆင်ပြေအောင်နေ"

"ငါကငါ့ကလေးလေးနဲ့အမြဲအဆင်ပြေတယ်"

"ဟုတ်ပါပြီဗျာ ကျွန်တော်ပြန်ပြီ"

_______

"ထယ်ရယ် ကိုယ်ပြန်လာပြီ"

ရစ်ခီအိမ်ပြန်ရောက်လို့ခေါ်လိုက်သော်လည်း ပြန်ဖြေသံမကြားတာမို့ စိတ်ဆိုးနေတုန်းဟုတွေးကာ အခန်းထဲဝင်ရှာရန်သာတွေးလိုက်သည်

"အချစ်"

ကျောပေးကာအိပ်နေသည့်ထယ်ရယ်ကြောင့် ရစ်ခီတော့အသားကုန်ချော့ရတော့မည်ဟုသိလိုက်ရသည်

"အချစ်ရာ စိတ်မဆိုးပါနဲ့"

ရစ်ခီပြောနေသော်လည်း လှည့်မကြည့်လာသည့်ထယ်ရယ်ကြောင့် ရစ်ခီခန္ဓာကိုယ်ကိုဆွဲလှည့်လိုက်တော့ မျက်လုံးများပိတ်ကျနေသည်မို့ ရစ်ခီရင်ထဲထိတ်သွားရသည်

"ထယ်ရယ်"

ပါးလေးကိုခပ်ဖွဖွပုတ်ကာခေါ်မိတော့ ရစ်ခီလက်နဲ့ထိခတ်သွားသည့်ထယ်ရယ့်ပါးပြင်ကအပူငွေ့ငွေ့ကိုခံစားလိုက်ရတာကြောင့် ထယ်ရယ်ဖျားနေပြီဆိုတာသိလိုက်သည်နှင့်တစ်ပြိုင်နက် အသိမရှိတော့သည့်ထယ်ရယ်အား ဆွဲပွေ့ကာ ဆေးရုံသို့သာဦးတည်လိုက်ရသည်

"မင်းအစီစဥ်ကမမှန်ဖူးလို့ငါပြောသားဘဲ"

"ဟုတ်တယ်ဒါတော့မင်းမှားတာ"

SHADOWWhere stories live. Discover now