CHAPTER-3

191 16 0
                                    

'Shadow'

ကျန်းဟာအို နောက်မှာဘယ်လိုကျန်ခဲ့သည်မသိ ဟန်ဘင်းစိတ်ရှုပ်စွာ ဆိုင်ထဲမှထွက်ပြီး ကျောင်းသို့သာပြန်လာခဲ့လိုက်သည်
အကဆက်တိုက်လေ့ကျင့်နေပေမဲ့ စိတ်ကကျန်းဟာအိုဆီမှာ သူပြောတာများလွန်သွားသလား ကျန်းဟာအိုစိတ်မကောင်းများဖြစ်သွားလောက်မလားဆိုပြီး တွေးနေမိသဖြင့် ခေါင်းထဲတွင် ကျန်းဟာအို ကျန်းဟာအိုဟုပင် မြည်နေပြီဖြစ်သည်

"စီနီယာ စီနီယာ ဟန်ဘင်း"

"ဟင် မက်သရူးပါလား ဘယ်တုန်းကရောက်လာတာလဲ"

"အခုလေးတင်ဘဲလေ စီနီယာရဲ့ ဘာတွေအဲ့လောက်တောင်တွေးနေလို့ ကနေရင်းကနေရပ်ပြီး ခေါ်မကြားအော်မကြား တောင့်တောင့်ကြီးဖြစ်နေရတာတုန်း"

သူကနေရင်းကပင် ရပ်တန့်သွားသည်အထိ အတွေးလွန်သွားခဲ့သည်
ကျန်းဟာအို အတော်ဆိုးပါလား

"ဒီလိုပါဘဲ မက်သရူးရဲ့ ဒီကိုဘာလာလုပ်တာတုန်း"

"ဟို ဂျီအွန်းဟျောင်းနဲ့များ စီနီယာတွေ့မိသေးလားလို့ပါ"

"ဟျောင်းလား ဟျောင်းကဒီကိုမလာတာတောင်ကြာပြီလေ"

"အော်"

အော်ဟု အသံရှည်ဆွဲရင်း မက်သရူး၏မျက်နှာလေးသည် ညှိုးငယ်သွားပြီး ဝမ်းနည်းသွားဟန်ရှိသည်မို့ ဟန်ဘင်းတွေးမိလိုက်သည်ဒီကလေး ဟျောင်းနဲ့တစ်ခုခုဖြစ်ထားတာဖြစ်မည်ဟု ဒါကြောင့်မေးလိုက်သည်

"ဘာလို့လဲ မက်သရူးရဲ့ ဟျောင်းနဲ့တစ်ခုခုဖြစ်ထားလို့လား"

"မဟုတ်ပါဖူး စီနီယာ"

"ဒါနဲ့ ဂျီအွန်းဟျောင်းဘယ်မှာရှိနိုင်မလဲ စီနီယာသိလားဟင်"

"အင်း သိမယ်ထင်တာဘဲ"

ဟန်ဘင်းအပြောကြောင့် မက်သရူး၏မျက်လုံးအရောင်က တလက်လက်တောက်လာသည်မို့ ဟန်ဘင်းပြုံးလိုက်မိသည်

"ဟုတ်လား ဘယ်မှာလဲဟင်"

"ဟျောင်းပြောပြရင် ဘာပြန်ရမှာလဲ"

"ဟွန့်"

မက်သရူးက ချစ်စဖွယ်အမူအရာဖြင့် နှာတစ်ချက်မှုတ်ရင်း ဟန်ဘင်းကိုပြန်ဖြေလာသည်

SHADOWWhere stories live. Discover now