CHAPTER-13

167 12 2
                                    

'Shadow'

ဟန်ဘင်းရေချိုးခန်းထဲကထွက်လာတော့ ဟာအို့ကိုမတွေ့တာမို့ ညစာအတွက်တစ်ခုခုလုပ်နေတယ်ဟုသာတွေးလိုက်မိသည်

"ငါ့ဖုန်းကဘယ်ရောက်နေတာလဲဟ"

ဂယူဗင်းအိမ်မှာမာဖလာကျန်ခဲ့တာမို့ နောက်နေ့တွေ့ရင်ယူလာခဲ့ပေးဖို့အတွက် ဖုန်းဆက်မလို့ဖုန်းကိုရှာနေပေမဲ့မတွေ့

"ဟာအိုလေး မောင့်ဖုန်းကိုတွေ့မိသေးလားဟင်"

ပြန်ဖြေသံတစ်စွန်းတစ်စတောင်မကြားရတာမို့ သူ့ကောင်လေးဘာတွေအလုပ်ရှုပ်နေသလဲမသိတာမို့ ကိုယ့်ဘာသာဖုန်းကို ဟိုလှန်ဒီလှန်နဲ့ရှာနေမိတော့ တွေ့ပါပြီ ကြမ်းပြင်ပေါ်မှာပြုတ်ကျနေတဲ့ဖုန်းလေး

"ဖုန်းကဘာလို့အောက်ကိုပြုတ်ကျနေရတာလဲ?"

ဖုန်းကိုပြန်ရှာတွေ့သွားပြီမို့ ဘာမှအထွေအထူးတွေးမနေတော့ဘဲ ဖုန်းဆက်ရန်သာပြင်လိုက်သည် ဖုန်းကိုဖွင့်လိုက်တာနဲ့မေမေပို့ထားသည့် messageကတန်းပေါ်လာတာမို့ ဟန်ဘင်းအနည်းငယ်တော့ ကြောင်စီစီဖြစ်သွားရသည် မေမေပို့ထားတဲ့စာကိုဖတ်ပြီးဟန်ဘင်းကျစ်တစ်ချက်စုတ်သတ်လိုက်မိသည်

'မေမေကဘာတွေကြံနေပြန်ပြီလဲမသိဖူးကွာ'

မေမေ့ messageအပြင် ရစ်ခီရှန်ဆိုတဲ့လူဆီကလည်းစာဝင်ထားသည်ကိုတွေ့လိုက်ရသည်

'ဒီကောင်ကဘာလဲ ဘာကိစ္စစာပို့တာလဲ'

ဟန်ဘင်းဖုန်းထဲမှာရစ်ခီရှန်ရဲ့ဖုန်းနံပါတ်ရှိနေခြင်းဟာလည်း အထူးအဆန်းတော့မဟုတ် ကျန်းဟာအိုရဲ့အရင်းနှီးဆုံးလူဖြစ်တာမို့ သေချာပေါက်ကိုရှိနေမှာဘဲလေ

ဟန်ဘင်းရစ်ခီရှန်ပို့ထားတဲ့ messageကိုထောက်ကာဖွင့်ဖတ်ကြည့်မိလိုက်တော့ မြင်လိုက်ရတဲ့စာတွေကြောင့် တစ်ကိုယ်လုံးရေခဲရိုက်ထားသလိုတောင့်တင်းသွားရသည် စက္ကန့်ဝက်လောက်ငြိမ်သက်သွားပြီးမှ အတွေးတို့ကကြံရာမရစွာဖြင့် အင်္ကျီကိုအမြန်ကောက်စွတ်လိုက်ပြီး အခန်းထဲမှဒုန်းစိုင်းပြေးထွက်ကာ ကားဆီကိုအမြန်သွားလိုက်မိသည် အလျင်လိုနေတာမို့အင်္ကျီကိုပင်အတည့်ဝတ်ခဲ့လားပြောင်းပြန်ဝတ်ခဲ့လား မသဲကွဲတော့ ခုချိန်မှာသူသိတာကျန်းဟာအိုတစ်ယောက်ထဲပင်

SHADOWWhere stories live. Discover now