CHAPTER-4

181 14 0
                                    

'Shadow'

ကျန်းဟာအိုနှင့်အခြေအတင်ဖြစ်ပြီးကတည်းက ဟန်ဘင်းဆီသို့သူရောက်မလာတာ သုံးရက်ခန့်ပင်ရှိပြီဖြစ်သည်
ကျန်းဟာအိုရောက်မလာသလို သူကိုယ်တိုင်ကလည်းသွားမတွေ့ဖြစ် အရင်ထဲကသူ့ဘက်ကဒီလူကိုအရင် သွားတွေ့တာမျိုးကရှားတာဘဲလေ

ကျန်းဟာအိုကသာ အမြဲပြုံးရွှင်ပြီးတော့သူ့ဆီရောက်ရောက်လာတတ်တာမှတ်လား ကျန်းဟာအိုမလာတော့ အနည်းငယ်သတိရသလိုရှိပေမဲ့ အဲ့စိတ်လေးကိုအသာခေါက်ထားပြီး လေ့ကျင့်ရေးကိုသာအာရုံစိုက်နေလိုက်သည်
ဘယ်လိုဘဲဖြစ်ဖြစ် ပြိုင်ပွဲနေ့ကျရင်ကျန်းဟာအိုနဲ့ တွေ့ရမှာဘဲမှတ်လား သူလာမယ်လို့ကတိပေးပြီးသားလေ ကျန်းဟာအိုရဲ့အကျင့်က ဘယ်လောက်စိတ်ဆိုးနေနေ ကတိပေးပြီးသားကိုမဖျတ်တာဘဲ အဲ့တာကြောင့်သူလာကိုလာမှာ

_______

"ဟာအိုဟျောင်း ပြိုင်ပွဲကိုသွားမယ်မှတ်လား"

"ဟို အဲ့တာက မသွားရင်ကောင်းမလားလို့"

"ကောကလည်းဗျာ ဘာလို့လဲ မရဖူးလိုက်ခဲ့ ကျွန်တော်တို့နဲ့မသွားချင်လို့လား ကောက"

"မဟုတ်ပါဖူး ချွမ်ရွေ့ရယ် ဟန်ဘင်းကြောင့်ပါ"

"လာပြန်ပြီ ကောဟာကတစ်ခါလာလည်း ဆောင်းဟန်ဘင်း နောက်တစ်ခါလာလည်း ဆောင်းဟန်ဘင်းဘဲ ပြီးမပြီးနိုင်ဖူး"

"ရှန် တိတ်စမ်း အရိပ်အကဲကိုမသိဖူး လာခဲ့သွားမယ်"

"အာ့ နာတယ် ကိုယ့်အချစ်ရဲ့ နားရွက်ကိုမဆွဲနဲ့လေဗျာ"

ထယ်ရယ်ကရစ်ခီရဲ့နားရွက်ကိုဆွဲကာ ခေါ်သွားသည်မို့ ရစ်ခီမှာမလိုက်ချင်လိုက်ချင်နှင့် ယက်ကန်ယက်ကန်သာပါသွားတော့သည်

ဟာအိုတစ်ယောက်ထဲကျန်ခဲ့မှ သူသွားသင့်မသွားသင့်ကို စဥ်းစားခန်းဖွင့်နေလေတော့သည်
မနက်ဖြန်သွားလိုက်လို့ ဟန်ဘင်းကသူ့ကြောင့် စိတ်မသက်မသာဖြစ်သွားခဲ့ရင်ကော စိတ်ရှုပ်သွားရင်ဘယ်လိုလုပ်မလဲ

ဒါမဲ့ ကတိပေးပြီးသားကို မသွားလို့ကောင်းပါ့မလား ငါသွားရုံဘဲသွားပြီး ဟန်ဘင်းနဲ့မတွေ့အောင်နေရင်ရတာဘဲလေ မဟုတ်ဖူးလား အင်း ဟုတ်တယ် သွားရမယ်
ဟာအို စိတ်ထဲမယ် တစ်ယောက်ထဲမေးတစ်ယောက်ထဲဖြေရင်း သွားဖို့သာဆုံးဖြတ်လိုက်သည်

SHADOWWhere stories live. Discover now