CHAPTER-18

95 7 0
                                    

'Shadow'

အခန်းထဲကနေမျက်နှာမသာမယာနဲ့ထွက်လာတဲ့ထယ်ရယ်ကြောင့် ဂျီအွန်းသက်ပြင်းဖွဖွသာချလိုက်မိသည် ခေါ်မိတာကိုကသူ့အမှား ဒီနှစ်ယောက်ရဲ့သူငယ်ချင်းဆက်ဆံရေးကြီးက သာမန်မဟုတ်တာသိတာကိုတောင်သွားခေါ်မိတာ

"အကိုကြီး ထယ်ရယ်နဲ့စကားခဏပြောမယ်"

"ဒီမှာဘဲပြောလေ"

"မရဖူး မေးချင်တာရှိလို့နှစ်ယောက်ထဲဘဲပြောမယ်"

"အင်းသိပြီ"

ရှန့်ကိုမယုံလို့မဟုတ်ပေမဲ့ ဒီကိစ္စကညီအစ်ကိုနှစ်ယောက်ထဲသိသင့်တဲ့ကိစ္စ အခြားလူတွေသိသွားလို့ကောင်းတဲ့အရာမှမဟုတ်တာ

"အကိုကြီး"

ပြောလေဆိုသည့်သဘောဖြင့်မေးဆတ်ပြသည့်အကိုကြီးကြောင့် ထယ်ရယ်နှာတစ်ချက်မှုတ်လိုက်မိသည် ဒီကအတည်ပြောနေတာကို သူက

"အကိုကြီး ဖောက်ပြန်နေတာလား?"

"ဘာ!!!"

"အမလေး လန့်လိုက်တာဖြေးဖြေးအော်ပါ"

"ကင်ထယ်ရယ် ခုဘာစကားတွေလာမေးနေတာလဲ"

"ထယ်ရယ်ကသိချင်တာကိုမေးရုံဘဲကို အကိုကြီးကဘာလို့ဆတ်ဆတ်ထိမခံဖြစ်နေရတာလဲ"

"ငါသူ့အ‌ပေါ်ဘယ်တုန်းကမှမဖောက်ပြန်ဖူးဖူး ဒီစကားတွေကဘယ်ကထွက်လာတာလဲ ဘာလဲ မက်ချူးမေးခိုင်းတာလား"

"မဆိုင်တဲ့လူကိုဆွဲမထည့်နဲ့နော် မက်သရူးကအကိုကြီးကိုတစ်ခါတောင်အဲ့လိုသံသယဝင်ဖူးတာမဟုတ်ဖူးဆိုတာ အကိုကြီးအသိဘဲလေ"

"ဒါဆို မင်းကဘာလို့ငါ့ကိုအဲ့လိုတွေလာမေးနေရတာလဲ"

"အကိုကြီးကမက်သရူးကိုထားခဲ့ချင်နေလို့လေ ဂိမ်းဆော့ရင်အမြဲတမ်းရှုံးတဲ့လူက ဘယ်လောက်တောင်ကြိုးစားပမ်းစားဆော့လို့နိုင်ရတာလဲ ထားခဲ့ချင်နေတာအသိသာကြီးလေ"

"ငါ့မှာလည်းငါ့အကြောင်းပြချက်နဲ့ငါပါ"

"ခုလည်း ထယ်ရယ်ကအဲ့အကြောင်းပြချက်ကိုမေးနေတာဘဲလေ"

"အကြောင်းပြချက်ကအစထဲကတစ်ခုထဲဘဲလေ သူကျောင်းတက်နေရလို့ ကျောင်းမပျက်စေချင်လို့လေ"

SHADOWWhere stories live. Discover now