CHAPTER-8

192 11 0
                                    

'Shadow'

ဟန်ဘင်းရဲ့အနမ်းဒဏ်ကိုမခံစားနိုင်တော့၍ထင် အတင်းရုန်းကန်လာသည်မို့ နှုတ်ခမ်းလေးကိုတစ်ချက်ဆွဲစုတ်ပြီး လွှတ်ပေးလိုက်တော့မှ ပါးစပ်လေးဟစိဟစိနဲ့အသက်ကိုအလုအယက်ရှုနေရှာသည်

"ဟန် ဟန်ဘင်း"

"ဘယ်လို အစောကတော့မောင်ဆိုအမူးသမားလေးရဲ့"

"အဲ့တာကဟို"

"ဟိုတွေဒီတွေလုပ်မနေနဲ့ကျန်းဟာအိုလေးရဲ့ မောင့်ကိုမင်းအရင်လာစတာလေ"

"မောင်?"

"အင်း မောင် မောင်လို့ခေါ်"

"ဟင့်အင်း မခေါ်တော့ဖူး"

"တကယ်မခေါ်ဖူးလား"

"အင်း မခေါ်ဖူး"

*ပြွတ်စ်*

"ဟန်ဘင်း ဘာလုပ်တာလဲ"

"မောင်လို့မခေါ်လို့နမ်းတာလေ"

"အာ အဲ့လိုလုပ်လို့မှမရတာကို"

"ဘာလို့မရရမှာလဲ ကိုယ့်ချစ်သူလေးကိုယ်နမ်းတာဘဲဟာ"

"ဟင့်အင်းမနမ်းရဖူး"

"ဟော အစောတုန်းကကျလူပေါ်ကိုအတင်းကုတ်ဖက်တက်ပြီးလာနမ်းတာ ဘယ်သူများပါလိမ့်"

"ဟင်"

ဟန်ဘင်းကိုယ်ပေါ်ကမဆင်းရသေးတာကို ခုမှသတိရတယ်ထင်ပါတယ် အတင်းကိုရုန်းကန်ပြီးအောက်ကိုဆင်းမယ်လုပ်နေတာမို့ ကျန်းဟာအိုရဲ့ခါးသိမ်သိမ်လေးကို အားနဲ့ဖိကိုင်လိုက်မိသည်

"ဟန်ဘင်းငါအောက်ဆင်းထိုင်တော့မယ်"

"အောက်ဆင်းထိုင်ချင်ရင်မောင်လို့ခေါ် မခေါ်ရင်တစ်ညလုံးဒီအတိုင်းနေရမယ်မှတ် အိမ်လည်းမပြန်ရဖူးဒီမှာဘဲ မင်းရဲ့နှုတ်ခမ်းလေးစုတ်ပြတ်သတ်တဲ့အထိ အနမ်းဆက်ပေးကျတာပေါ့"

ဟန်ဘင်းပြောပြီး ဘယ်လိုလဲဟူသည့်သဘောဖြင့် မျက်ခုံးပင့်ပြလိုက်တော့ သူ့နှုတ်ခမ်းလေးကိုကပျာကသီလက်နှစ်ဖက်နဲ့အုပ်လိုက်သည်မို့ ဟန်ဘင်းရဲ့နှလုံးသားလေးကိုလက်သည်းလေးနဲ့ လာကုတ်ခြစ်နေသလိုအသဲယားသွားရသည်

"ဟင့်အင်း"

"ဟင့်အင်းဆိုမောင်လို့ခေါ်"

SHADOWWhere stories live. Discover now