CHAPTER-9

156 11 0
                                    

'Shadow'

"ဟယ်လို မေမေ"

"ဟုတ်ကဲ့ ကျွန်တော်အိမ်ကိုညနေလောက်ရောက်ရင်လာခဲ့ပါ့မယ်"

"ဟန်ဘင်း အန်တီလား"

"အင်း"

"ဘာတဲ့လဲဟင်"

"အိမ်ကိုလာခဲ့ပါအုံးလို့ပြောတယ်"

"ငါပါလိုက်ခဲ့မယ်လေ"

"ရတယ် မောင့်ဘာသာဘဲသွားလိုက်မယ် ဟာအိုကအိမ်မှာသာနေခဲ့ပြီးအိမ်ရှင်မလေးလို ညစာချက်ထား"

ဟန်ဘင်းပြောလာသည်ကိုဟာအိုကမျက်စောင်းလေးထိုးကာကြည့်လာသည်မို့ဟန်ဘင်းခွီခနဲရီလိုက်မိတော့ သူ့ကိုလှောင်သည်ဟုထင်သွားပုံရတယ်နှုတ်ခမ်းပါဆူလာပြီမို့ မျက်နှာပိုးကိုအမြန်သတ်လိုက်ရသည် မဟုတ်ရင်တစ်မှုကနေနောက်တစ်မှုတိုးရင် ကျန်းဟာအိုတို့ကချော့ရလွယ်နေတာမဟုတ် လူကိုပြောစရာတစ်ခုရသွားတာနဲ့ နိုင်ကွက်ရသလိုကိုနင်းပြောတော့တာ

"အဟမ်း မောင်ကစတာပါဟာအိုရဲ့"

"ငါသိတယ်"

ဘောက်ဆတ်ဆတ်နဲ့ပင်ပြန်ဖြေသွားပုံထောက်ရင်စိတ်ကသိပ်ဆိုးပုံတော့မပေါ် ကျန်းဟာအိုတို့ကစိတ်ဆိုးရင်လူကိုအဖတ်ကိုမလုပ်တော့တာ ဒီကကောင်ကိုရှိနေတယ်လို့ကိုမသတ်မှတ်တော့ဘဲ ဘာစကားပြောပြောဘာမှကိုပြန်မပြောတော့တာ

"နေ့လည်စာဘာစားချင်လဲဟာအို မောင်တစ်ခုခုလုပ်ပေးမယ်လေ မနက်စာလည်းလွတ်သွားတာဆိုတော့"

"လွတ်အောင်ဘယ်သူကလုပ်တာလဲ"

"ဟုတ်ပါတယ် မောင်လုပ်တာ"

"မူးတာကငါကို တစ်ညလုံးသူကလာထိုင်ရစ်နေတယ်"

"မောင်ကရစ်တာဟုတ်ပါ့မလား ရစ်ချင်းရစ်မောင့်ဟာအိုကသာ ရစ်လုံးလိုမျိုးရစ်နေတာ"

"ဘာပြောတယ် ဆောင်းဟန်ဘင်း"

"ဟီး"

"လာရီပြမနေနဲ့ မင်းငါ့ကိုစကားလာမပြောနဲ့"

"ဟာ...၊၊ဟာအိုကလည်းလို့"

မနက်စာဘာမှစားစရာမရှိလို့ ကော်ဖီဖျော်နေတဲ့ဟာအိုနောက်ကျောကိုဖက်ပြီး ချွဲသလိုအသံလေးနဲ့ပြောတော့ မျက်စောင်းကဒိုင်းကနဲ

SHADOWWhere stories live. Discover now