CHAPTER-17

140 12 2
                                    

'Shadow'

ဟန်ဘင်းတို့အိမ်လေးကိုဟာအိုပြန်ရောက်လာတာ သုံးရက်လောက်တော့ရှိသွားပြီဖြစ်သည် ဘာမှထွေထွေထူးထူးပြောင်းလဲသွားတာမရှိပေမဲ့ ပြောင်းလဲသွားတာတစ်ခုကတော့ကျန်းဟာအိုပင် အိမ်ပြန်ရောက်ထဲကဂျစ်တူးပိုဖြစ်လာအရင်ကထက်ပင်ပိုဆိုးသည် ပြောပြန်ရင်လည်းစိတ်ကကောက်သေးတာမို့ ဟန်ဘင်းမှာဟာအို့အလိုကျသာနေနေရသည်

"မောင်ရေ"

"ဟာအိုခဏလေးမောင်ဟင်းချက်နေတာ တူးကုန်မှာဆိုးလို့"

"မရဖူး ခုချက်ချင်းဒီနားကိုလာခဲ့"

"အချစ်ကလေးရယ် ခဏလေးပါ"

"ဆောင်းဟန်ဘင်း!!"

"လာပါပြီဗျာ လာပြီ လာပြီ"

ခုတလောဒီကကောင်ဘဝကတော့မြင်တဲ့အတိုင်းဘဲ ဆောင်းဟန်ဘင်းဆိုတာနဲ့ဘာမှမလုပ်ရဲတော့ဖူး ဒါဆိုဒါဘဲကြောက်လို့တော့မဟုတ်ဖူး ချစ်လို့ ဒါကိုရည်းစားမရှိတဲ့လူတွေကတော့ဘယ်နားလည်နိုင်ပါ့မလဲ

"ပြောပါခဗျာ"

"မင်းနော်လူကိုရွဲ့သလိုလာလုပ်မနေနဲ့"

"ဟောဗျာ မောင်ဘယ်မှာရွဲ့မိလို့လဲ ကျန်းဟာအိုလေးခဗျ"

"တွေ့လားခုလေလာရွဲ့နေတာ မျက်နှာပိုးကိုမသေဖူး မင်းနော်ကျပ်ကျပ်သတိထား"

"မောင်ကချစ်လို့စတာကို နှုတ်ခမ်းကဆူမလာပါနဲ့မောင့်အသက်ရယ်"

ခုတလောဆောင်းဟန်ဘင်းကလူကိုအမျိုးစုံကိုခေါ်နေတော့တာဘဲ အရင်ကဆိုကျန်းဟာအိုလေး ဟာအိုလေးအဲ့လောက်ဘဲခေါ်တာ ခုပြန်ရောက်လာထဲက အချစ်ကလေး အသဲတုန်းလေး အသက်လေးနဲ့ သူကသာခေါ်ချင်တိုင်းခေါ်နေတာ ကျန်းဟာအိုတို့ကထိုင်မရထမရအသဲတယားယားနဲ့

"ငါအတည်ပြောမလို့ မျက်နှာကိုပြင်စမ်းမောင်"

"ဟုတ်ပြီ ဟုတ်ပြီ ပြောလို့ရပါပြီဗျာ"

"ငါပြောချင်တာကမောင့်မေမေကိစ္စပါ"

သူ့အမေလို့ပြောလိုက်တာနဲ့မျက်ခုံးတွေစုကျုံ့သွားတာမို့ ဟာအိုမှာလက်ကလေးတွေနဲ့ဖြေလျော့ပေးရသေးတယ် ဒါကိုတောင်ဆောင်းဟန်ဘင်းက ဟာအို့လက်တွေကိုဖယ်ပစ်နေတာ

SHADOWWhere stories live. Discover now