CHAPTER-15

177 13 2
                                    

'Shadow'

ဟန်ဘင်းအိမ်ပြန်ရောက်သည်အထိ ဟာအို့ကိုအရိပ်တကြည့်ကြည့်ဖြစ်နေရသည် အတူပြန်လိုက်လာသည်ဟုဆိုသော်လည်း သူ့အားဘာစကားမှလည်းပြောမလာ ပြန်လာတဲ့တစ်လျှောက်လုံးလည်းသူ့ကိုမကြည့်ဘဲ ကားမှန်ကနေအပြင်ကိုဘဲကြည့်ပြီးငေးငိုင်နေတာမှတ်လား ဟန်ဘင်းလည်းဘာလုပ်ရမှန်းမသိတော့တာမို့ ခေါင်းကဆံပင်တွေကိုသာဆွဲထိုးဖွလိုက််မိသည်

"ဟာအို နေ့လည်စာဘာစားချင်လဲ နေ့လည်စာစားချိန်တောင်ကျော်နေပြီဆိုပေမဲ့ နေ့လည်စာမစားရသေးဖူးမှတ်လား"

"ငါအိပ်ယာထတာနောက်ကျလို့ မနက်စာစားတာလည်းနောက်ကျသွားတာမို့ မဆာသေးပါဖူး"

ဟန်ဘင်းဘာစကားကိုဆက်ပြောရမှန်းကိုမသိတော့ ဟာအိုကစကားကိုဖြတ်ချလိုက်ပြီလေ

"ဒါဆို-"

"ငါနားချင်နေပြီမို့ အခန်းထဲဝင်တော့မယ်"

အခန်းထဲဝင်သွားတဲ့ဟာအိုကြောင့် ဟန်ဘင်းအတွေးနယ်ချဲ့ရတော့သည် ဟာအိုကသူ့ကိုစိတ်ဆိုးနေတာလား အဲ့လိုပုံလည်းမပေါ်တာမို့ ဘာလို့စိမ်းကားနေသလိုခံစားနေရတာလဲ အရင်ကဟာအိုမဟုတ်တော့သလိုမျိုး

ဟန်ဘင်း ဟာအိုနဲ့စတွဲထဲကဖြစ်လာတဲ့အကျင့်က ဟာအိုနဲ့ပတ်သတ်လာရင် ဘာကိုမှမမြိုသိပ်နိုင်တာဘဲ သိချင်တာရှိရင်ချက်ချင်းကိုမေးမိတာ ခုလည်းဟာအိုသူ့အပေါ်ဒီလိုဆက်ဆံနေတာကို မကြိုက်တာမို့မေးရန်သာဆုံးဖြတ်လိုက်သည်

သူအခန်းတံခါးဖွင့်ပြီးဝင်သွားတော့ ဟန်ဘင်းကိုကျောပေးပြီး အိပ်ယာပေါ်မှာခွေခွေလေးအိပ်နေသည့်ဟာအိုကိုတွေ့လိုက်ရသည်

"ဟာအို အိပ်နေတာလား မောင်တို့စကားခဏပြောကျရအောင်"

တုတ်တုတ်တောင်လှုပ်မလာ သူ့ဟာအိုကအအိပ်ဆတ်တာသူသိတာပေါ့ အသံနည်းနည်းကြားတာနဲ့နိုးလာတတ်တဲ့လူက သူအသံမြှင့်ပြီးပြောလိုက်တဲ့စကားသံကိုမကြားစရာမရှိ သေချာပေါက်ကိုအိပ်ချင်ယောင်ဆောင်နေတာ

"ဟာအို မအိပ်သေးတာမောင်သိတယ် ထပြီးမောင်နဲ့စကားပြောမယ်"

ကျန်းဟာအိုကရုပ်ရှင်မင်းသားလုပ်စားဖို့ကောင်းတယ် သူ့ကိုယ်သူတော့ဟုတ်လှပြီပေါ့အပီအပြင်အိပ်ချင်ယောင်ဆောင်နေတာ ဟန်ဘင်းရီချင်လာရသည်

SHADOWWhere stories live. Discover now