CHAPTER-20

150 12 2
                                    

'Shadow'

ဟန်ယူဂျင်းကလက်သည်းကိုတတိတိကိုက်ရင်း ဟိုဘက်လျှောက်ဒီဘက်လျှောက် လုပ်နေသည်မှာ အချိန်တစ်ခုပင်ကြာနေပြီမို့ ဂယူဗင်းမျက်စိတွေပင် နောက်လာရသည်

"ယူဂျင်း မင်းငြိမ်ငြိမ်ထိုင်နေစမ်းပါကွာ မျက်စိတွေနောက်ပြီး ခေါင်းတွေတောင်မူးလာပြီ"

"ကိုကိုကလည်း ကိုကိုဘာသိလို့လဲ ခုချိန်ဆို ကောကောကအရိုးအသားတောင် အတူရှိနေပါ့မလားမသိတာကို ယူဂျင်းကဘယ်လိုထိုင်နေနိုင်မလဲ"

"အဲ့တာဆိုလည်း မင်းအစထဲကဘာလို့ ဟာအိုဟျောင်းကို ဟိုတစ်ယောက်နဲ့ ပေးတွေ့လဲ"

"ကောကောက အဲ့လောက်ပြောနေတာကို ဘယ်လိုလုပ်မတွေ့ပေးလို့ရမလဲ"

"မင်းအစထဲက မသိဖူးပြောလိုက်ရင်ပြီးနေတာလေ"

"ကိုကို မသိပါဖူး"

*တီးတောင်*

"ဟော ဟန်ဘင်းဟျောင်းလားမသိဖူး ကိုကို"

မျက်နှာငယ်လေးဖြင့် ကိုယ့်အင်္ကျီစကိုဆွဲကာ ပြောလာသည့် ကလေးပေါက်ကြောင့် ထိုင်နေခဲ့ရန်ပြောပြီး ကိုယ်တိုင်သာတံခါးသွားဖွင့်ရတော့သည်

"အော် သား ဟန်ယူဂျင်းရှိလား"

"ဗျာ ဟုတ်ရှိတယ် ဘယ်သူလဲမသိဖူး"

"သူ့မေမေပါ"

"ဗျာ!!"

ဂယူဗင်းရှေ့မှာကုတ်ကုတ်လေး ထိုင်နေတဲ့ယူဂျင်းကို ကြည့်ပြီးဒေါသထွက်လာရသည် ဒီကလေးသူ့ကိုလိမ်တာ

"မေမေက ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ"

"ကိုယ့်သားတစ်ယောက်လုံး အိမ်ပြန်မလာတာ ငါကမလိုက်လာလို့ ဘာလုပ်ရမှာလဲ"

"သား ပြောခဲ့သားဘဲ ကိုကို့အိမ်မှာရှိနေပါမယ်ဆို"

"ဟဲ့ ဒါဆိုလည်း မိဘကိုဖုန်းလေးဘာလေးတော့ ဆက်ပါအုံးပေါ့ ဟန်ယူဂျင်းရဲ့ ခုဟာက ထွက်သွားပြီးထဲက ဖုန်းတစ်ခါမှတောင်မဆက်တာ"

"မေမေကလည်း"

ယူဂျင်းဆူပုတ်ပုတ်နဲ့ မေမေ့ကိုပြောပြီး အရှေ့ကိုလှည့်လိုက်တော့ သူ့ကိုပြာကြမတတ် ကြည့်နေသည့် ကိုကို့ဒေါသမျက်ဝန်းနဲ့ဆုံတော့ အမြန်ခေါင်းကို အောက်ငုံ့လိုက်မိသည်

SHADOWWhere stories live. Discover now