CHAPTER-14

145 10 0
                                    

'Shadow'

"ရှန် မင်းမြန်မြန်ပြောပြစမ်းပါ"

ထယ်ရယ်မေးတဲ့စကားကိုပြန်မဖြေဘဲ မီးဖိုချောင်ကနေထွက်သွားသည်မို့ သူ့နောက်ကလိုက်ရန်သာပြင်လိုက်ရသည် ထယ်ရယ့်မေးခွန်းတွေကိုပြန်မဖြေတာ တစ်နေ့ထဲပင်နှစ်ခါရှိနေပြီမို့ ထယ်ရယ်စိတ်လေးကဆိုးချင်ချင်ဖြစ်နေပြီဖြစ်သည်

"ရှန် ပြောပြလို့"

"ဖြေးဖြေးပေါ့အချစ်ရယ်"

"ရှန်ချွန်ရွေ့!!"

ထယ်ရယ်ကစိတ်ဆိုးလာ၍ထင်မျက်နှာလေးကတစ်စတစ်စနီရဲလာသည်မှာချစ်စရာကောင်းသည်မို့ ရစ်ခီကြည့်ကောင်းကောင်းနဲ့ဆက်စနေပေမဲ့ လေသံမာလာသည့်ထယ်ရယ်ကြောင့် ရစ်ခီပြန်ဖြေရင်သာ ဟန်ပြင်လိုက်ရသည် ပြောမရဖူးသူ့ထယ်ရယ်ရဲ့စိတ်ကလက်တဆစ်ရယ် စကားနဲ့ပြောမရရင်လက်တွေပါလာတော့မှာ

"ကိုယ် ပြောပြပါ့မယ်ကွာ စိတ်မဆိုးပါနဲ့"

"ပြော မြန်မြန် ခုနကကိစ္စကိုမြန်မြန်ရှင်းပြ"

"ကိုယ်အစထဲကမာမီတို့နဲ့ထယ်ရယ်ကိုတွေ့ပေးဖို့ စဥ်းစားထားပြီးသားပါ ထယ်ရယ်အဆင်သင့်မဖြစ်လောက်သေးဖူးထင်လို့ ငြိမ်နေတာ"

"အဲ့တာကိုအခုမှဘာကိစ္စထဖြစ်တာလဲရှန်ရဲ့ ငါအခုထိလည်းဘာမှအဆင်သင့်မဖြစ်သေးဖူးလေ ပြီးတော့ရုတ်တရက်ကြီး မင်းငါ့ကိုဘာမှလည်းကြိုပြောမထားဘဲနဲ့"

"ရုတ်တရက်ဖြစ်သွားတယ်ဆိုတာနားလည်ပေမဲ့ ခုချက်ချင်းပြောပြမှဖြစ်မယ်ထင်လို့"

"ငါတို့အချိန်တွေရှိသေးတာဘဲလေနော်"

"အဲ့လိုအချိန်ဆွဲနေပြီး ကိုယ်ကဒုတိယဆောင်းဟန်ဘင်းအဖြစ်ခံမယ်ထင်နေလားထယ်ရယ်"

"ရှန် မင်းစကားကိုတိုးတိုးပြော အထဲမှာဟာအိုဟျောင်းအိပ်နေတယ် ကြားသွားအုံးမယ်"

"ကိုယ့်စကားကိုမလွန်ဆန်နဲ့ထယ်ရယ် မနက်ဖြန်တွေ့ကိုတွေ့ရမယ် ကိုယ့်စကားကဒီမှာအဆုံးဘဲ"

ထယ်ရယ်ဘာအငြင်းစကားမှပင်ထပ်မဆိုရသေး ထထွက်သွားသည်မို့ နောက်ကလည်းမလိုက်သွားဖြစ်တော့ ဘယ်လိုဘဲကြည့်ကြည့်အထင်လွဲပြီး စိတ်ဆိုးသွားတာဘဲမှတ်လား ထယ်ရယ်ပြောချင်တာက ဘာမှတောင်သေချာမပြင်ဆင်ရသေးတာကို ချက်ချင်းကြီးသွားမယ်ဆိုတော့ အဲ့တာကိုဒီကောင်လေးက ထယ်ရယ်ကသူ့မိဘတွေနဲ့မတွေ့ချင်တာလို့ ထင်သွားတဲ့ပုံပင် မတတ်နိုင်ဖူးမနက်ကျမှချော့မော့ပြောရမှာဘဲလေ

SHADOWWhere stories live. Discover now