Ch 2.2

2.6K 225 1
                                    

Ch 2.2
အသက် 12 နှစ်အရွယ် ကျန်းကျင်းက ချောမောလှပတဲ့ အသွင်အပြင်နဲ့ ရှက်တတ်ပြီး ကောက်ကြောင်းလှတဲ့ ခန္ဓာကိုယ်ရှိသည်။

အစ်မ နေပြန်ကောင်းလာတာကို မြင်တော့ ဝမ်းသာအားရနဲ့ သူမဆီရောက်လာပြီး "အစ်မ အဆင်ပြေရဲ့လား။"

ကျန်းဟွေ့က သူမကိုပြုံးပြပြီး "အင်း အဆင်ပြေတယ်။"

သူမအမေနှုတ်ခမ်း နည်းနည်းကွဲနေတာကို မြင်တော့ ကျန်းဟွေ့က သူမအတွက် ရေတစ်ခွက်ခပ်ပြီး "အမေ ရေသောက်လိုက်အုံး"

ရဲ့နင်းရှန်က ရေငတ်နေတာကြောင့် ရေခွက်ကိုယူကာ ရေကို တစ်ချက်ထဲ အကုန်သောက်လိုက်သည်။ သူမက ခွက်ကိုချ၍ ကျန်းဟွေ့အား "ဟွေ့ဟွေ့ အမေ အလုပ်သွားလုပ်အုံးမယ်။ အိမ်မှုကိစ္စတွေကို သမီးနဲ့ထားခဲ့လိုက်မယ်။ အိမ်မှာ ညီမလေးကို ဂရုစိုက်။"

ကျန်းဟွေ့က သူမအမေ အလုပ်ကြမ်းတွေ သွားလုပ်တော့မှာကို ကြားပြီး သူမရင်ထဲ ခံရခက်လာသည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လက်သမားတစ်ယောက်အနေနဲ့ လုပ်တာ အရမ်းခက်ခဲပြီး ပင်ပန်းလေ့ရှိသည်။ ဒီလိုအလုပ်မျိုးကို အမျိုး‌သားတွေဘဲ လုပ်လေ့ရှိသည်။

ဒါပေမဲ့ သူမ‌အမေက သူမအဖေလို တာဝန်မဲ့တဲ့လူနဲ့ လက်ထပ်ပြီး အိမ်မှာ အလုပ်လုပ်မဲ့လူမရှိလို့
သူမကိုယ်တိုင် သွားလုပ်လေ့ရှိသည်။

ကျန်းဟွေ့က အခုပြန်လည်‌မွေးဖွားလာပြီး သူမမိသားစုကို တိုးတက်အဆင်ပြေစေမဲ့ နည်းလမ်းကောင်းရှာမတွေ့တာကြောင့်  သူမခေါင်းညိတ်ကာ သဘောတူလိုက်သည်။ "အမေ စိတ်မပူပါနဲ့ ညီမလေးကို ကောင်းကောင်းဂရုစိုက်လိုက်ပါမဲ့။"

ရဲ့နင်းရှန်က သူမရဲ့ ဉာဏ်ကောင်းပြီး နာခံမှုရှိတဲ့ သမီးလေးရဲ့ ခေါင်းကို ထိကာ "ကောင်းပြီး"

ကျန်းဟွေ့က သူမညီမရဲ့ မျက်နှာမှာ သိမ်မသိတာတဲ့ အမာရွတ်ကို ကြည့်ကာ အမှတ်ရလိုက်ပြန်သည်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်က သူမညီမလေးက အဖေ့ကို ဘာလုပ်ခဲ့မှန်း မသိပေမဲ့ အဖေက သူ့ခါးပတ်ကို ဆွဲထုတ်ပြီး ညီမလေးကို  ပွန်းပဲ့ဒဏ်ရာရတဲ့အထိ ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့သည်။ နဂိုကတည်းက အားနည်းတဲ့ ညီမလေးက
ငိုပြီး ပြာယာခတ်ကာ သေလုမတတ် ဖြစ်ခဲ့သည်။

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now