Ch 29.1

1.3K 138 1
                                    

Ch 29.1

ဒီအဆောက်အအုံရှိ မျက်နှာစာအတွက် မူလနံရံများကို ကြမ်းပြင်မှ မျက်နှာကျက်ထိ မှန်ပြတင်းပေါက်များ အဖြစ်ပြောင်းလဲထားသည်။

စတိုးဆိုင်အပြင်ဘက် ဖြတ်သွားဖြတ်လာများသည် အတွင်းတွင် ရောင်းချနေသော ပစ္စည်းများကို တစ်ချက်ကြည့်လိုက်သည်။

ညဘက် ဆိုင်ပိတ်တဲ့အခါ ဘေးကင်းစေရန် အပြင်ဘက်ကြမ်းပြင်ရှိ လျှောတံခါးကို ပိတ်ပြီး သော့ခတ်ထားသည်။

ကျန်းဟွေ့ အလုပ်ကြော်ငြာကို တင်လိုက်သည်နှင့်တစ်ပြိုင်နက် ဖြတ်သွားတဲ့ ရှောင်ယန်က ထိုအရာကို ချက်ချင်းမြင်လိုက်သည်။ထိုအရာကို ချက်ချင်းမြင်လိုက်သည်။

ရှောင်ယန်က ကြမ်းပြင်မှ မျက်နှာကျက်ထိ တပ်ဆင်ထားသော မှန်ပြတင်း‌ပေါက်မှတဆင့် ဆိုင်ထဲကို လှမ်းကြည့်လိုက်ရာ အထဲတွင် တန်ဖိုးကြီး လျှပ်စစ်ပစ္စည်းများနဲ့ နာရီများ ရောင်းချနေတာကို တွေ့လိုက်ရသည်။

ရှောင်ယန်က ရှောင်လီကို စိတ်အားထက်သန်စွာ ပြောသည်။ "အစ်မ၊ တာ့ချွမ်း မြန်မြန်ကြည့် ဒီမှာ အလုပ်ရှာနေတဲ့သူရှိတယ်။ အဲ့ဒီမှာ တန်ဖိုးကြီးပစ္စည်းတွေကြီးဘဲ။ လစာက အရမ်းကောင်းမယ်ထင်တယ်။"
(ရှောင်လီကို sister လို့ သုံးထားတာ နာမည်အရင်လာလို့ အကြီးလို့ သတ်မှတ်လိုက်တာပါ။)

ရှောင်လီနဲ့ ရှောင်ယန်တို့က မွေးချင်းများ ဖြစ်ကြသည်။

အန်ရန်နဲ့ ဝူတာ့ချွမ်းတို့က စုံတွဲ ဖြစ်သည်။

ဝူတာ့ချွမ်းက အပေါ်ထပ်ကို ကြည့်ကာ အံ့အားသင့်စွာဖြင့် "ဝိုး စက်ဘီး၊ ဆိုင်ကယ်နဲ့ ဒီကားသေးသေးလေးတွေက လှလိုက်တာ။ အဲ့ဒါဘယ်လို ကားမျိုးလည်း အရင်က မမြင်ဖူးဘူး။"

အန်ရန်က အဲ့ဒါကို အကြည့်တစ်ချက်မှာတင် မြင်လိုက်သည်။ စတိုးဆိုင်ကို ရောက်တဲ့အခါ အပြင်က မြင်နိုင်ပြီး အထဲတွင် မရေမတွက်နိုင်တဲ့ ခေတ်ဆန်ပြီး လှပတဲ့ နာရီတွေ ရှိသည်။

အန်ရန်က မထိန်းနိုင်ဘဲ "ကြည့်စမ်း ဟိုမှာ အရမ်းလှတဲ့ နာရီတွေ အများကြီး ရှိတယ်။"

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now