Ch 30

1.4K 152 3
                                    

Ch 30

ဝန်ထမ်းတွေက အလုပ်ရှာတွေပြီး ဆက်ဆံရေး အလွန်ကောင်းမွန်သဖြင့် သူတို့အားလုံးက ကျန်းဖုန်းနောက်ကနေ ဧည့်ရိပ်သာကို အပြုံးဖြင့် လိုက်သွားကြသည်။

ကျန်းဟွေ့က အလွန်ပင်ပန်းနေသဖြင့် ဆိုဖာပေါ်ဖို့ လဲလိုက်ပြီး ခဏလောက် နားနေသည်။

ချည်ငင်စက်လို့ဘဲ တစ်နေကုန် အလုပ်နေရှုပ်နေခဲ့တာ။ တကယ် ပင်ပန်းနေပြီ။

ကျန်းဟွေ့က Mall ရဲ့ ဂိုဒေါင်ကနေ ဝိညာဉ်အသီးအနှံကို ထုတ်ပြီး စိတ်နဲ့ ကိုယ်ကာယ အားဖြည့်ရန် ဖြေးညှင်းစွာ စားခဲ့သည်။

Immortal Cultivation Plane တွင် ကောင်းမွန်တဲဘ အရာများစွာ ရှိသည်။

စိတ်ဝိညာဉ်လက်ဖက်ရည်၊ စိတ်ဝိညာဉ်ဝိုင်၊ စိတ်ဝိညာဉ် သစ်သီး၊ စိတ်ဝိညာဉ် ထမင်း၊ စိတ်ဝိညာဉ် မုန့်၊ စိတ်ဝိညာဉ်သားရဲရဲ့ အသား၊ စိတ်ဝိညာဉ်ဆေး စသဖြင့်......

ကျန်းဟွေ့က စိတ်ဝိညာဉ် စွမ်းအင်ပါရှိတဲ့ အရာမှန်သမျှ စားရတာကို ကြိုက်သည်။

သူမက အမေနဲ့ညီမငယ်အတွက် အ‌စားအသောက်များကို မကြာခဏဝယ်ကာ စားစေပြီး ရဲ့ရှောင်ယွီအတွက် တခါတရံ ပေးကာ စားစေပြီး သူတို့ရဲ့ ကျန်းမာရေးကောင်းကာ အသက်ရှည်စွာ နေထိုင်စေခဲ့သည်။

ဒါတွေ စားပြီးတဲ့နောက်မှာ အမေရော ညီမလေးရော ကျန်းမာရေး ကောင်းမွန်ပြီး သူမတို့ရဲ့ အသားအရည်ပါ ကောင်းမွန်လာသည်။

Hercules Pill ကို သောက်ပြီးတာနဲ့ သူမတို့က အလွန်သန်မာလာပြီး သူမနဲ့အတူ စန္ဒာနဲ့ လက်ဝှေ့ကိုလေ့ကျင့်ကြသည်။ အနာဂတ်တွင် ကိုယ်ခံပညာ ကျွမ်းကျင်သူကလွဲလို့ သာမန် အမျိုးသားများက သူမတို့ကို အနိုင်ကျင့်နိုင်မည် မဟုတ်ပေ။

ကျန်းဟွေ့က အမေနဲ့ ညီမငယ်တို့ရဲ့ စွမ်းအားကို မြှင့်တင်ရန် ကူညီပေးပြီး အနာဂတ်တွင် သူမ အလုပ်ကိစ္စများ ဆောင်ရွက်ရန် အပြင်ထွက်တဲ့အခါ သူမတို့အတွက် စိုးရိမ်စရာ မလိုတော့ပေ။

ဒီတစ်ပတ်မှာ ခရိုင်စတိုးဆိုင်ဖွင့်ဖို့ ပြင်ဆင်ပြီး အတန်းပိုင်ဆရာမကို တစ်ရက် ခွင့်တိုင်ထားသည်။

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now