Ch 58

594 60 0
                                    

Ch 58

ကျန်းဟွေ့က "ပြန်သွားကြရအောင်။"

ရဲ့နင်းရှန်က ပြုံးပြီး ပြောသည်။ "အမေ ရွာသူကြီးကို ပြောလိုက်တယ်။ သမီးအားရင် အတူတူ သွားကြရအောင်။"

ကျန်းဟွေ့က "ဒီတစ်ပါတ်ကျ သွားမယ်လေ။"

ရဲ့နင်းရှန်က "ကောင်းပြီ ဒါဆို သမီးအဘိုးကို လိုက်မလားလို့ မေးလိုက်မယ်။ ပြီးရင် ယူသွားဖို့ တစ်ခုခု ပြင်ဆင်ရမယ်။"

ကျန်းဟွေ့က ခေါင်းညိတ်ပြီး ပြုံးလိုက်သည်။ "ဟုတ်ကဲ့။"

ရဲ့နင်းရှန်က ချက်ချင်း အဘိုးကျန်းနဲ့ အဖွားကျန်းကို မေးလိုက်သည်။ "အဖေ အမေ ဒီတစ်ပတ်ပိတ်ရက်မှာ ရွာကို ပြန်ကြည့်ဖို့ စီစဉ်ထားတယ်။ လိုက်ခဲ့ချင်လား။"

အဘိုးကျန်းက ခဏတာ နေထိုင်ဖို့ လာခဲ့တာကြောင့် ရွာကို ပြန်ကြည့်ချင်တာကြောင့် ချက်ချင်း ဖြေလိုက်သည်။ "အဖေ လိုက်ချင်တယ်။"

အဖွားကြီးကျန်းက ရွာကလူတွေကို သူမသားအကြီးဆုံး ဘယ်လောက် အစွမ်းထက်သလဲဆိုတာကို ပြချင်နေခဲ့သည်။ ထို့ကြောင့် ကမန်းကတန်း "လိုက်မယ်။" လို့ ပြောသည်။

ပိတ်ရက်တွင် သွားဖို့အချိန်ရောက်တော့ အဖွားကြီးကျန်းက အိတ်ကြီးများစွာကို ထုပ်ပိုးပြီး ကားထဲထည့်ဖို့ ကျန်းဟွေ့ကို တောင်းဆိုလိုက်သည်။

ကျန်းဟွေ့က "အဖွား ဘာလို့ အိတ်တွေ အများကြီး ထုပ်ထားတာလဲ။"

အဖွားကျန်းက "အိမ်မှာ Lo mei နဲ့ မစားရသေးတဲ့ မုန့်တွေ အများကြီး တွေ့တယ်။ ဒါကြောင့် ယူသွားပြီး အားလျန်နဲ့ အားရန်ကို မြည်းကြည့်စေချင်လို့။"

အဖွားကြီးကျန်းက စကားပြောပြီးနောက် သူမ စိတ်ဆိုးသွားမှာကို ကြောက်သလို ကျန်းဟွေ့ကို တိတ်တဆိတ် ကြည့်နေသည်။

ကျန်းဟွေ့ စကားအနည်းငယ်သာ ပြောတတ်တော်လည်း အခုတော့ ထိုအသေးအဖွဲ့နဲ့ ပတ်သတ်ပြီး သူမနဲ့ စကားမပြောချင်ပေ။

ထိုအသင့်စား အစာအစား၊ ဘီစကစ်နဲ့ ခေါက်ဆွဲခြောက်တွေကို အစက အဘိုးကျန်းနဲ့ အဖွားကြီးကျန်းတို့ လုပ်စရာ မရှိတဲ့အခါ သို့မဟုတ် ဗိုက်ဆာတဲ့အခါ စားရန် သီးသန့် ထားတာသော်လည်း အဖွားကြီးကျန်းက သူ့မြေးတွေ စားဖို့ ပြန်ယူသွားချင်နေသည်။

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now