Ch 62.2

1.8K 98 0
                                    

Ch 62.2

ကျန်းဟွေ့ ကောလိပ်တက်တုန်းက အုပ်စုနှစ်စုမှာ အလုပ်လုပ်ဖို့ ဘွဲ့ရများစွာကို ခေါ်ယူခဲ့သည်။

ဘွဲ့ရပြီးချိန်တွင် Wan Jie Technology တွင် အလုပ်လုပ်ရန်အတွက် သူမနဲ့ ဆက်ဆံရေး ကောင်းမွန်တဲ့ အတန်းဖော်များစွာကိုလည်း ပြန်ပေးဆွဲခဲ့သည်။

Wan Jie Technology က လုပ်ငန်းနယ်ပယ်တွင် ထိပ်တန်းကုမ္ပဏီတစ်ခု ဖြစ်နေပြီ ဖြစ်ပြီး သူမရဲ့အတန်းဖော်များက Wan Jie Technology တွင် အလုပ်လုပ်ရတဲ့အတွက် အလွန်ပျော်ရွှင်နေကြသည်။

ကျန်းဟွေ့က ထိုမျှလောက် နည်းပညာမြင့်တဲ့ အရည်အချင်းများစွာကို ခေါ်ယူရခြင်းအတွက် ပို၍ပင် ကျေနပ်ပျော်ရွှင်နေသည်။

သူမရဲ့ အတန်းဖော်များထဲတွင် သူမ ကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်သင်ကြားပေးထားတဲ့ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ အရည်အချင်းများစွာ ရှိသည်။ သူတို့ရဲ့ လက်ရှိအမြင်နဲ့ အသိပညာက ထူးထူးခြားခြားဖြစ်နေပြီး သူတို့က သာမန်အရည်အချင်းများထက် များစွာသာလွန်နေသည်။

သူတို့က Wan Jie Technology တွင် အလုပ်ဝင်ရောက် လုပ်ကိုင်ခဲ့ပြီး ၎င်းက သူမနဲ့ သူမရဲ့အတန်းဖော်များအတွက် win-win အခြေအနေတစ်ခုဖြစ်သည်။

ကျန်းဟွေ့ ဘွဲ့ရတဲ့နေ့မှာ ရဲ့ရှောင်ယွီဆီကနေ အံ့အားသင့်စရာတစ်ခု ရရှိခဲ့သည်။

သူက Chef God of Cooking Gourmet Flagship Store တွင် စိတ်ကူးယဉ်ဆန်တဲ့ ပန်းပင်လယ်တစ်ခုကို စီစဉ်ပြီး မိဘတွေနဲ့ သူငယ်ချင်းများရှေ့တွင် သူမကို propose လုပ်ခဲ့သည်။

ကျန်းဟွေ့က သူမကို နှစ်ပေါင်းများစွာ စောင့်မျှော်နေခဲ့ပြီး သူမဘေးမှာ အမြဲရှိနေခဲ့ကြောင်းကိုလည်း သိခဲ့သည်။

သူမတို့ နှလုံးသားချင်း ချိတ်ဆက်နေတာ ကြာနေပါပြီ။

ရဲ့ရှောင်ယွီကက ဒူးထောက်လိုက်ပြီး "ဟွေ့ဟွေ့ အစ်ကို့ကို လက်ထပ်မှာလား?" လို့ လေးနက်စွာဖြင့် မေးသည်။

ကျန်းဟွေ့က မဆိုင်းမတွ ခေါင်းညိတ်ပြီး ချိုသာစွာ ပြုံးကာ ထိုစကားသုံးခွန်းကို ပြောသည် "သဘောတူတယ်!"
(တရုတ်လိုလဲ သုံးလုံး အင်္ဂလိပ်လိုလည်း သုံးလုံးပါဘဲ မြန်မာစကားမှာကြ ‌ရှည်နေတာပါ။)

🎉 You've finished reading (Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်း 🎉
(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now