Ch 56

795 64 0
                                    

Ch 56

ကျန်းဟွေ့က လင်ကီကီကို Yang Cheng မီးရထားဘူတာရုံတွင် ပထမဆုံး မြင်ဖူးတာ ဖြစ်သည်။

ထိုအချိန်တွက် လင်ကီကီက An Hui ပြည်နယ်မှ Yang Cheng ကို ရထားဖြင့် ရောက်လာတာဖြစ်ပြီး သူမရဲ့အိတ်ထဲမှ ပိုက်ဆံများ ခိုးယူခံရသဖြင့် လက်ထဲတွင် ဘာပိုက်ဆံမှ မရှိပေ။ စိတ်ပျက်အားငယ်ပြီး အားကိုးရာမဲ့နေကာ မထိန်းနိုင်ဘဲ မျက်ရည်များ ကျလာသည်။

သူမက တစ်ယောက်တည်း အိမ်ကနေ ခိုးထွက်လာပြီး အလုပ်လာရှာတာ ဖြစ်သည်။ သူမရဲ့မိဘများက သူမကို ဒေသဆိုင်ရာ ယူနစ်တွင် ဆက်ပြီး အလုပ်လုပ်စေလိုကာ ဝေးကွာတဲ့ Yang Cheng တွင် သူမ အလုပ်သွားလုပ်မှာကို သဘောမတူပေ။

ဒါကြောင့် Yang Cheng မှာ သူမနဲ့ သိတဲ့သူ တစ်ယောက်မှ မရှိပေ။

လင်ကီကီကဲ့သို့ ၎င်းတို့ရဲ့ အိပ်မက်များကို အကောင်အထည်ဖော်ရန် တောင်ဘက်ကို သွားရောက်လိုသည့် လူငယ်များစွာက ဝါသနာကြောင့် ဒီနေရာကို အပြေးအလွှား ရောက်လာကြပြီး အများစုမှာ ပိုက်ဆံခိုးခံရခြင်းကြောင့် ဒုက္ခရောက်ခဲ့ကြရသည်။

ကျန်းဟွေ့က လမ်းဘေးတွင် ရင်နာစွာ ငိုကြွေးနေတဲ့ လင်ကီကီကို တွေ့တဲ့အခါ အရင်ဘဝက သူမကိုယ်သူမ ပြန်မြင်မိသည်။

ထိုအချိန်တွင် ကျန်းဟွေ့က Peng Cheng ကို ရောက်တဲ့အခါ သူခိုးက သူမပိုက်ဆံအိတ်ကို ခိုးယူသွားခဲ့သည်။

အဲဒီတုန်းက ပိုက်ဆံတွေကို နေရာတော်တော်များများမှာ သိမ်းဆည်းဖို့ မစဉ်းစားခဲ့ဘဲ တစ်နေရာထဲ ဆုံးရှုံးပါက ကျန်ငွေတွေက သိမ်းဆည်းထားဆဲ ဖြစ်သဖြင့် ထွက်လမ်းရှိခဲ့သည်။

လင်ကီကီက အစပိုင်တွင် သူမကဲ့သို့ ပိုက်ဆံများကို တစ်နေရာထဲမှာ ထည့်ထားကာ သူမအတွက် ထွက်လမ်းမရှိတာကြောင့် အပြင်းအထန် အော်ဟစ်ငိုကြွေးကာ ကူကယ်ရာမဲ့ ဖြစ်နေသည်ဟု ခန်းမှန်းမိသည်။

ကျန်းဟွေ့က Peng Cheng တွင် ခိုးခံရတဲ့အခါ ကံကောင်းစွာဖြင့် အနီးအနားမှာရှိတဲ့ ကြင်နာတဲ့ ဈေးဆိုင်ရှင်က သူမကို ဖုန်းခေါ်ခွင့်ပြုပြီး အတန်းဖော်တွေကို လာခေါ်ရန် အကြောင်းကြားခဲ့သည်။

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းOnde as histórias ganham vida. Descobre agora