Ch 14

2K 223 0
                                    

Ch 14

စွန်းကုံးဖေးလို့ အမည်ရှိတဲ့ ညီအစ်ကိုဖေးအိမ်က စစ်တပ်ဝင်းနဲ့ မဝေးဘူး။

ငယ်ငယ်တုန်းက သူက အလုပ်သမားတွေရဲ့ သားသမီး တွေဘက်က ကိုယ်စားပြုပြီး ရဲ့ရှောင်ယွီက ဝင်းတစ်ဖက်က ကိုယ်စားပြုဖြစ်သည်။ ငယ်ရွယ်ပြီး ထက်မြက်တဲ့ လူငယ်ဂိုဏ်းနှစ်ခုက တစ်ဖက်ကို တစ်ဖက် လက်မခံဘဲ ငြင်းဆန်ကာ မကြာခဏ ရန်ဖြစ်လေ့ရှိသည်။ ဒါပေမဲ့ ရန်ဖြစ်တဲ့အခါတိုင်းတွင် မာရ်နတ်ကြီး ရဲ့ရှောင်ယွီ၏ ဖိအားနဲ့ ရိုက်နှက်ခြင်းကို ခံရသည်။

စွန်းကုံးဖေးက ရဲ့ရှောင်ယွီ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသောကြောင့် ရဲ့ရှောင်ယွီကို မြင်တဲ့အခါ ကြွက်က ကြောင်ကို မြင်တဲ့အခါ ကြောက်လန့်သွားသကဲ့သို့ ဖြစ်သွားသည်။

စွန်းကုံးဖေးက ချော့မော့သော အပြုံးဖြင့် "အစ်ကိုရဲ့ ဘာလို့ ဒီကို ရောက်နေတာလဲ။" လို့ မေးသည်။

စွန်းကုံးဖေးကို တွေ့တော့ ရဲ့ရှောင်ယွီလည်း အနည်းငယ် အံ့ဩသွားသည်။

သူက စွန်းကုံးဖေးကို ရှုံ့တွနေသော မျက်နှာဖြင့် ကြည့်ကာ "ငါ ဒီမှာ အလုပ်လုပ်နေတာ။ စွန်းကုံးဖေး မင်းအခု ဒီနေရာထိ ကျသွားပြီးလား။ မင်းက တကယ့်ကို အလားအလာရှိတယ် ဟမ်!"

ငယ်ငယ်တုန်းက ရန်ပွဲတွေ မကြာခဏ ဆင်နွှဲခဲ့ကြပေမဲ့ အချင်းချင်းလည်း ပိုခင်မင်လာကြသည်။ အပြင်မှာ ပြိုင်ဘက်တွေနဲ့ တွေ့ရင် အချင်းချင်း ဘာမှမပြောဘဲ ပြိုင်ဘက်တွေကို အနိုင်ရအောင် ကူညီပေးသည်။

ရဲ့ရှောင်ယွီက ငယ်ငယ်တုန်းက ပုန်ကန်ထကြွသည်။ အလယ်တန်းကျောင်း ပြီးတဲ့အခါ သူ့မိသားစုက စစ်တပ်ထဲဝင်ခိုင်းသည်။ အဲ့ဒီနောက်မှာတော့ စွန်းကုံးဖေးကို သူ ထပ်မတွေ့ရတော့ဘူး။

သူ့ (စွန်းကုံးဖေး) ကို နောက်ကြိမ်ထပ်တွေ့တဲ့အခါ လူဆိုးဂိုဏ်းရဲ့ သူဌေးငယ်လေး ဖြစ်မလာလိမ့်မယ်လို့ သူ (ရဲ့ရှောင်ယွီ) မမျှော်လင့်ထားပေ။

ရဲ့ရှောင်ယွီက သံကို သံမဏိ အဖြစ် မပြုလုပ်နိုင်ခဲ့သည်ကို မုန်းတီးသည်။

(သံကို သံမဏိ ဖြစ်အောင် မပြုနိုင်လုပ်တာ= မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလားတာ)

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now